အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျော့ချရေးနေ့ အကြိုလူထုလှုပ်ရှားဆောင်ရွက်မှုသတင်း

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ​ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၁၀-၂၀၂၀) ရက် နေ့၊ (၀၈:၀၀) နာရီအချိန်တွင် ချောင်းဆုံမြို့နယ်အတွင်းရှိ ချောင်းဆုံအနောက်ရပ်ကွက်စျေး၌ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျော့ချရေးနေ့ အကြိုဂုဏ်ပြု သောအားဖြင့် လူထုလှုပ်ရှားမှု ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ကြက်ခြေနီအသင်းတို့နှင့် ပူးပေါင်း၍ IDDR Day အထိမ်းအမှတ် mask များ၊ လက်ကမ်းစာစောင်များအား  ဝေငှခဲ့ပါကြောင်းသတင်းရရှိပါသည်။

#otr

#mon_oct2020

Source: ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events