လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

 
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ မှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ ကံချောင်း ကျေးရွာအုပ်စု၊ ခွေးမောင်းချောင်းကျေးရွာတွင် (၉-၁၀ -၂၀၂၀)ရက်နေ့၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးနေအိမ် (၁)လုံးအတွက် အိမ်ထောင်စု(၁)စုစာ ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး၊ အိမ်ထောင်စု (၁)စုမှ လူဦးရေ(၄)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ (၁၀၀,၀၀ဝ) ကျပ်၊ ဆန်ရိက္ခာရန်ပုံငွေ (၈,၄၀ဝ) ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၁၀၈,၄၀ဝ)ကျပ်တို့ကို (၁၂-၁၀-၂၀၂၀) ရက်နေ့၊ (၁၄:၃၀) နာရီအချိန် တွင် ကံချောင်းကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ဘေးသင့်ပြည်သူများထံ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သိရှိရပါသည်။
#ha_sgw
#ayy_oct2020
 
 
Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events