လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၁၀-၂၀၂၀)ရက်နေ့ ကျောက်မဲမြို့နယ်၊ ကျွဲကုန်းကျေးရွာ အုပ်စု၊ ကျွဲကုန်းကျေးရွာတွင် လက်နက်ကြီးကျရောက်ထိမှန်၍ ဒါဏ်ရာရရှိသူ(၁)ဦးအတွက် ထောက်ပံ့ငွေ (၅၀,၀၀ဝ) ကျပ်အား (၁၀-၁၀-၂၀၂၀)ရက်နေ့(၁၁း၃၀)နာရီအချိန်တွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ ပြည်သူများလက်၀ယ်အရောက် ထောက်ပံ့ခဲ့ကြောင်း သိရှိရ ပါသည်။
#ha_otr
#shn_oct2020
Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ဘစမ)