ကမ်းပြိုဘေးသင့်ပြည်သူအတွက် ထောက်ပံ့ပေးမှုသတင်း

 
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ ဖောင်းပြင်မြို့နယ်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်၊ ပါဟဲကျေးရွာအုပ်စု၊ တွန်နိမ်ကျေးရွာတွင် (၉-၁၀-၂၀၂၀) ရက်နေ့၌ ဖြစ်ပွားခဲ့သော မူးချောင်းရေတိုက်စားမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့ရသည့် လူနေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁)စု အား ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ လူဦးရေ(၇)ဦးအတွက် အဝတ် Mask(၁၄)ခု၊ အိမ်ဆောက် ပစ္စည်းဖိုးငွေကျပ် (၁၀၀,၀၀၀)ကျပ်နှင့် လူဦးရေ (၇) ဦးအတွက် ဆန်ရိက္ခာဖိုးငွေကျပ် (၁၄,၇၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေကျပ် (၁၁၄,၇၀၀) ကျပ်တို့ကို (၁၂-၁၀-၂၀၂၀) ရက်နေ့ နံနက်(၁၁:၀၀) နာရီ အချိန် တွင် ဖောင်းပြင်မြို့နယ်စီမံခန့်ခွဲမှုကော်မတီမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
#ha_rbe
#sgg_oct2020
 
 
Source: ဖောင်းပြင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events