အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အကြိုလူထုလှုပ်ရှား ဆောင်ရွက်မှုသတင်း

 
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးနှင့် လောင်းလုံးမြို့နယ်ဦးစီးမှူးရုံးတို့မှ တာဝန်ရှိသူ များသည် သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာများမှ တာဝန်ရှိသူများနှင့်အတူ (၁၁-၁၀-၂၀၂၀)ရက်နေ့၌ လောင်းလုံးမြို့နယ်၊ မောင်မကန်းစျေး၊ သောကြာပြင်လမ်းဆုံနှင့် လူစည်းကားရာနေရာများတွင် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် အကြိုလူထုလှုပ်ရှားမှု ဆောင်ရွက်ရာ ဦးစီးဌာနမှ ဌာန logo ပါ Mask ၊ အဖွဲ့အစည်းများမှ လှူဒါန်းသော hand gel ၊ face shield နှင့်ဆပ်ပြာများကို ဝေငှပေးခဲ့ကြောင်း သိရှိရပါသည်။
#ar
#tny_oct2020
 
 
Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events