လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မုဒုံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၁၀-၂၀၂၀) ရက် နေ့၊ (၀၉:၀၀) နာရီအချိန်တွင် မုဒုံမြို့နယ်အတွင်းရှိ မြို့မ(၄)ရပ်ကွက်၊ရွှေဟင်္သာစျေး၌ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျော့ချရေးနေ့ အကြိုဂုဏ်ပြုသောအားဖြင့် လူထုလှုပ်ရှားမှု ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ကြက်ခြေနီအသင်းတို့နှင့် ပူးပေါင်း၍ IDDR Day အထိမ်းအမှတ် mask များအား ဝေငှခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#mon_oct2020
Source: မုဒုံမြို့နယ်ဦးစီးမှူးရုံး (ဘစမ)