လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

 
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၁၀-၂၀၂၀)ရက်နေ့၌ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ကျေးရွာအုပ်စု (၂)အုပ်စု၊ကျေးရွာ (၂)ရွာတို့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုလဲနေအိမ်(၁)လုံးနှင့် တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၁)လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၃၀,၀၀၀)ကျပ်၊ အိမ်ထောင်စု(၂)စုရှိ လူဦးရေ(၁၀)ဦးတို့အတွက် ဆန်ရိက္ခါ(၇) ရက်စာဖိုးထောက်ပံ့ငွေ (၂၁,၀၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၁၅၁,၀၀၀)ကျပ်နှင့် ကယ်ဆယ်ရေး ပစ္စည်း (၁၆) မျိုး(၁)အိမ်ထောင်စာတို့ကို (၁၂-၁၀-၂၀၂၀)ရက်နေ့ (၁၁:၀၀)နာရီအချိန်တွင် ဘေးသင့် နေအိမ်များ၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များ၊ မြို့နယ်ပြန်/ဆက်မှ တာဝန်ရှိသူများ၊ မြို့နယ်လူငယ်ရေးရာ အတွင်းရေးမှူး၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အတူ ပြည်သူလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
#ha_sgw
#bgo_oct2020
 
Source: မိုးညိုမြို့နယ်ဦးစီးမှူး(ဘစမ)

Sign Up

Upcoming Events