Author Archives: Department of Disaster Management
-
ရေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် မွန်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူတို့သည် ပေါင်မြို့နယ်၊ အလှပ်ကျေးရွာတွင် ထူးကဲဒီရေ ရိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ်(၇)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုး၊ ကြိုတင်ဖျက်သိမ်းနေအိမ်(၂၆)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၁)မျိုး တို့အား သထုံခရိုင်ဦးစီးမှုရုံးမှလည်းကောင်း၊ လူဦးရေ(၁၆၈)ဦးအတွက်(၇)ရက်စာ ဆန်ဖိုးငွေကျပ် (၃၅၂,၈၀၀)တို့အား (၁၄-၈-၂၀၁၈)ရက်နေ့ မွန်ပြည်နယ်ဦးစီးမှုးရုံးမှလည်းကောင်း (၁၃-၈-၂၀၁၈)ရက်နေ့တွင် ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
-
သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲ ကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိများသည် မြောင်းမြမြို့နယ်၊ ကညွှတ်ကွင်းကျေးရွာအုပ်စု၊ ကညွှတ်ကွင်းကျေးရွာ ၌ ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့နှင့် ပူးပေါင်း၍ (၁၄-၈-၂၀၁၈) ရက်နေ့၊ နံနက် (၁၀း၃၀) နာရီမှ (၁၂း၀၀) နာရီအထိ သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး တက်ရောက်လာ သူ ကျေးရွာသူ/သား (၁၃၀) ဦးတို့အား ဘေးရှစ်မျိုးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar #ayy_aug2018
-
ရေဘေးသင့်ပြည်သူများအတွက် အလှူငွေများလာရောက်လှူဒါန်းမှုသတင်း
(၁၃-၈-၂၀၁၈) ရက်နေ့တွင် ရေဘေးသင့်ပြည်သူများအတွက် ဦးကျော်မောင်နှင့် ဒေါ်အုန်းကြည်မိသားစုမှ အလှူ ငွေ (၁၂၆,၀၀၀/-) ကျပ်၊ ဦးဝေလင်း (Wyne Hotel ) မှအလှူငွေ (၁၀၀,၀၀၀/-) ကျပ်၊ Wyne Hotel ဝန်ထမ်းများမှ အလှူငွေ (၁၁၅,၀၀၀/-) ကျပ်၊ အကောက်ခွန်ဝန်ထမ်းဟောင်းများအသင်းမှ အလှူငွေ (၁,၀၀၀,၀၀၀/-) ကျပ် အား လာရောက်လှူဒါန်းခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် တာဝန်ရှိ သူများမှလက်ခံ၍ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: … Read more
-
စစ်တောင်းမြစ် ထူးကဲဒီရေမြင့်တက်မှုကြောင့် ဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျိုက်ထိုမြို့နယ်၊ စစ်တောင်းကျေးရွာအုပ်စု၊ မြသီတာရပ်ကွက် ၌ (၁၂-၈-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော စစ်တောင်းမြစ် ထူးကဲဒီရေမြင့်တက်မှုကြောင့် ပြိုကျနေအိမ် (၇) လုံး မှ အိမ်ထောင်စု (၇) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၇၀၀,၀၀၀/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး (၇) အိမ်ထောင်စာအားလည်းကောင်း၊ တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၅) လုံးမှ အိမ်ထောင်စု (၅) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၅၀၀,၀၀၀/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း … Read more
-
သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု အခြေခံသင်တန်းဖွင့်လှစ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်အတွင်းရှိ မြို့နယ် (၄) မြို့နယ် ၌ (၁၃-၈-၂၀၁၈) ရက်နေ့တွင် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု အခြေခံ (၃) ရက်သင်တန်းကို ဖွင့်လှစ်ခဲ့ရာ ပြည်နယ်ဦးစီးမှူးမှ အဖွင့်အမှာစကားပြောကြားခြင်းနှင့် MPP တာဝန်ခံမှ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက် များကို ရှင်းလင်ပြောကြားခဲ့ပြီး သင်တန်းသား/သူ (၃၀) ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကယားပြည်နယ်ဦးစီးမှူးရုံး(ဘစမ) #ar #kyh_aug2018
-
အရေးပေါ်ထောက်ပံ့ပို့ဆောင်ရေး လက်တွေ့အသုံးချသင်တန်း ဖွင့်လှစ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန နှင့် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) တို့ပူးပေါင်း၍ မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့ရှိ ဟိုတယ်မန္တလေး၌ (၁၃-၈-၂၀၁၈) ရက်နေ့၊ (၀၉း၀၀) အချိန်တွင် အရေးပေါ်ထောက်ပံ့ပို့ဆောင်ရေး လက်တွေ့အသုံးချသင်တန်း (Practical Emergency Logistics Training) ကိုဖွင့်လှစ်ခဲ့ရာ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းထွဋ်ဆွေက အဖွင့်အမှာစကားပြောကြားပြီး WFP မှ Head of Supply Chain ဖြစ်သူ Mr. Jean Luc Kohler က သင်တန်းဖွင့်လှစ်ရသည့်ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပါသည်။ … Read more
-
သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲ ကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများနှင့် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာမှတာဝန်ရှိသူများသည် မြောက်ဦးမြို့နယ်၊ ပုဇွန်ဖေကျေးရွာအုပ်စု၊ ပုဇွန်ဖေကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ (၁၂-၈-၂၀၁၈) ရက်နေ့၊ နေ့လည် (၁၂း၀၀) အချိန်တွင် သဘာဝဘေးလျော့ပါးရေး အသိပညာ ပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ ခရိုင်ဦးစီးမှူးက မိုးကြိုးဘေးအပါအဝင် သဘာဝဘေးနှင့် စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်များကို ရှင်းလင်းပြောကြားခြင်း၊ မြို့နယ်မိုးလေဝသနှင့် ဇလဗေဒဦးစီးမှူးက ကြိုတင်သတိပေးစနစ်နှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခြင်းများ ဆောင်ရွက်ခဲ့ပြီး အဆိုပါဟောပြောပွဲသို့ ကျောင်းသူ/သားများနှင့် ကျေးရွာသူ/သား စုစုပေါင်း (၁၀၅) ဦးခန့်တက်ရောက်ခဲ့ကြောင်းနှင့် တက်ရောက် လာသူများအားဘေး (၈) … Read more
-
တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ရေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးနှင့် မြိတ်ခရိုင်ဦးစီးမှူးရုံးတို့မှ တာဝန်ရှိသူများသည် (၄-၈-၂၀၁၈)ရက်နေ့မှ (၉-၈-၂၀၁၈)ရက်နေ့အထိ ထပ်မံဖြစ်ပွားခဲ့သည့် တနင်္သာရီမြစ်ရေမြင့်တက်မှုကြောင့် မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ရေဘေးကြောင့် ပြောင်းရွှေ့အိမ်ခြေ (၈၃)လုံးရှိ အိမ်ထောင်စု(၈၃)စုမှ လူဦးရေစုစုပေါင်း(၃၇၆)ဦးအတွက် ဆန်ရိက္ခာတန် (၇)ရက်စာ တန်ဖိုးငွေကျပ် (၇၈၉,၆၀၀) ယခင်ထောက်ပံ့ပြီး စခန်း(၇)ခုမှလူဦးရေ(၈၂၆)ဦးအတွက်ဒုတိယအကြိမ်ဆန်ဘိုး(၇)ရက်စာ (၁,၇၃၄,၆၀၀)ကျပ်၊ (၆-၈-၂၀၁၈)ရက်နေ့တွင်ဖြစ်ပွားသည့် တနင်္သာရီမြို့နယ်၊ ပဝ ကျေးရွာအုပ်စု၊ ပဝရွာမတွင် လေပြင်းတိုက်ခတ်မှုကြောင့် ပြိုလဲအိမ်ခြေ(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး(၈၇,၄၀၀)ကျပ်၊ အိမ်ထောင်စု(၁)စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုးနှင့် လူဦးရေ(၆)ဦးအတွက် ဆန်ရိက္ခာ(၇) ရက်စာ တန်ဖိုးငွေကျပ် … Read more
-
မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ ပြောင်းရွှေ့နေအိမ်များအတွက်ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ တက်ဆွဲကျေးရွာအုပ်စု၊ တက်ဆွဲကျေးရွာမှ မြစ်မခမြစ်ရေနှစ်မြုပ်မှုအား နှစ်စဉ်ခံစားရသဖြင့် မြစ်မခမြစ်အနောက်ဘက်ကမ်းတာအတွင်းရှိ ကွင်းအမှတ် ၈၈/၈၉ သို့ပြောင်းရွှေ့သည့် နေအိမ်(၉၆)လုံးအတွက် (၁)လုံးလျှင်(၁၀၀,၀၀၀)ကျပ်နှုန်းဖြင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၉,၆၀၀,၀၀၀)ကျပ်အား (၁၁-၈-၂၀၁၈)ရက်နေ့ (၁၁၀၀)နာရီအချိန်တွင် မိုးညိုမြို့နယ် တက်ဆွဲကျေးရွားရှိ Cyclone Shulter ၌ မိုးညိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ပြည်သူလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဖျာပုံမြို့နယ်သဘာဝဘေးအန္တရာယ်ကာကွယ်စောင့်ရှောက်ရေးကော်မတီဝင်များ၊ ဖျာပုံမြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များနှင့် ပူးပေါင်း၍ (၁၁-၈-၂၀၁၈)ရက်နေ့တွင် ဖျာပုံမြို့နယ်၊ အမာမြို့ဒေါ်ငြိမ်းကျေးရွာအုပ်စု၊ ဒေါ်ငြိမ်းရှယ်လ်တာတွင် မုန်တိုင်းသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းကို ပြုလုပ်ခဲ့ရာ ဒေါ်ငြိမ်းကျေးရွာအုပ်စုမှ ကျေးရွာနေ ပြည်သူ (၇၀၀) ဦး ဖြင့်ကျင်းပပြုလုပ်ခဲ့ကြောင်း၊ မုန်တိုင်းနှင့်စပ်လျဉ်း၍ မုန်တိုင်းအရောင်များ၏အဓိပ္ပါယ်အားရှင်းလင်းခြင်း၊ မုန်တိုင်းဘေးနှင့် ဆူနာမီဘေး၊ အခြားဘေးများအတွက် ဆောင်ရန်/ ရှောင်ရန်အချက်များအား ဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြကြောင်း သတင်းရရှိပါသည်။
