‌တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ရေဘေးထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်‌ဆိုင်‌ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးနှင့် မြိတ်ခရိုင်ဦးစီးမှူးရုံးတို့မှ တာဝန်ရှိသူများသည် (၄-၈-၂၀၁၈)ရက်နေ့မှ (၉-၈-၂၀၁၈)ရက်နေ့အထိ ထပ်မံဖြစ်ပွားခဲ့သည့် တနင်္သာရီမြစ်ရေမြင့်တက်မှုကြောင့်  မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ရေဘေးကြောင့် ပြောင်းရွှေ့အိမ်ခြေ (၈၃)လုံးရှိ အိမ်ထောင်စု(၈၃)စုမှ လူဦးရေစုစုပေါင်း(၃၇၆)ဦးအတွက် ဆန်ရိက္ခာတန် (၇)ရက်စာ တန်ဖိုးငွေကျပ် (၇၈၉,၆၀၀)  ယခင်ထောက်ပံ့ပြီး စခန်း(၇)ခုမှလူဦးရေ(၈၂၆)ဦးအတွက်ဒုတိယအကြိမ်ဆန်ဘိုး(၇)ရက်စာ (၁,၇၃၄,၆၀၀)ကျပ်၊ (၆-၈-၂၀၁၈)ရက်နေ့တွင်ဖြစ်ပွားသည့် တနင်္သာရီမြို့နယ်၊ ပဝ ကျေးရွာအုပ်စု၊ ပဝရွာမတွင် လေပြင်းတိုက်ခတ်မှုကြောင့် ပြိုလဲအိမ်ခြေ(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး(၈၇,၄၀၀)ကျပ်၊ အိမ်ထောင်စု(၁)စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုးနှင့် လူဦးရေ(၆)ဦးအတွက် ဆန်ရိက္ခာ(၇) ရက်စာ တန်ဖိုးငွေကျပ် (၁၂,၆၀၀)၊ (၇.၈. ၂၀၁၈)ရက်နေ့တွင်ဖြစ်ပွားသည့် တနင်္သာရီမြို့နယ်၊ ဆင်ခြေဖုံး၊ ကျေးရွာအုပ်စု၊ မမသောင် (အနောက်)ကျေးရွာ ရေကြီးနစ်မြုပ်မှုကြောင့် ပြိုလဲအိမ်ခြေ (၁)လုံးအတွက်အိမ်ဖိုး(၁၀၀,၀၀၀)ကျပ် အိမ်ထောင်စု(၁)စု အတွက်ကယ်ဆယ်ရေးပစ္စည်း (၁၅)မျိုးနှင့် လူဦးရေ(၆)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ တန်ဖိုးငွေကျပ် (၁၂,၆၀၀)  နှင့် (၇-၈-၂၀၁၈)ရက်နေ့တွင် ဖြစ်ပွားသည့် တနင်္သာရမြို့နယ်၊ တကူကျေးရွာအုပ်စု၊ အင်းရှည်၊ ကုန်းကျေးရွာတွင် ရေနစ်မြုပ် သေဆုံးခဲ့သူအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀)ကျပ်၊  စုစုပေါင်းထောက်ပံ့ငွေ(၃,၀၃၆,၈၀၀)ကျပ်အား (၁၁-၈-၂၀၁၈) ရက်နေ့ နေ့လည်(၁၅၃၀)နာရီချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events