ရေဘေးထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် မွန်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူတို့သည် ပေါင်မြို့နယ်၊ အလှပ်ကျေးရွာတွင် ထူးကဲဒီရေ ရိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ်(၇)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုး၊ ကြိုတင်ဖျက်သိမ်းနေအိမ်(၂၆)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၁)မျိုး တို့အား သထုံခရိုင်ဦးစီးမှုရုံးမှလည်းကောင်း၊ လူဦးရေ(၁၆၈)ဦးအတွက်(၇)ရက်စာ ဆန်ဖိုးငွေကျပ် (၃၅၂,၈၀၀)တို့အား (၁၄-၈-၂၀၁၈)ရက်နေ့ မွန်ပြည်နယ်ဦးစီးမှုးရုံးမှလည်းကောင်း (၁၃-၈-၂၀၁၈)ရက်နေ့တွင် ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events