လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိများသည် မြောင်းမြမြို့နယ်၊ ကညွှတ်ကွင်းကျေးရွာအုပ်စု၊ ကညွှတ်ကွင်းကျေးရွာ ၌ ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့နှင့် ပူးပေါင်း၍ (၁၄-၈-၂၀၁၈) ရက်နေ့၊ နံနက် (၁၀း၃၀) နာရီမှ (၁၂း၀၀) နာရီအထိ သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး တက်ရောက်လာ သူ ကျေးရွာသူ/သား (၁၃၀) ဦးတို့အား ဘေးရှစ်မျိုးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။
Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး(ဘစမ)
#ar
#ayy_aug2018