သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲ ကျင်းပမှုသတင်း

13 Pic_01 13 Pic_02 13 Pic_03

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊  မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများနှင့် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာမှတာဝန်ရှိသူများသည် မြောက်ဦးမြို့နယ်၊ ပုဇွန်ဖေကျေးရွာအုပ်စု၊ ပုဇွန်ဖေကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ (၁၂-၈-၂၀၁၈) ရက်နေ့၊ နေ့လည် (၁၂း၀၀) အချိန်တွင် သဘာဝဘေးလျော့ပါးရေး အသိပညာ ပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ ခရိုင်ဦးစီးမှူးက မိုးကြိုးဘေးအပါအဝင် သဘာဝဘေးနှင့် စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်များကို ရှင်းလင်းပြောကြားခြင်း၊ မြို့နယ်မိုးလေဝသနှင့် ဇလဗေဒဦးစီးမှူးက ကြိုတင်သတိပေးစနစ်နှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခြင်းများ ဆောင်ရွက်ခဲ့ပြီး အဆိုပါဟောပြောပွဲသို့ ကျောင်းသူ/သားများနှင့် ကျေးရွာသူ/သား စုစုပေါင်း (၁၀၅) ဦးခန့်တက်ရောက်ခဲ့ကြောင်းနှင့် တက်ရောက် လာသူများအားဘေး (၈) မျိုးနှင့်ပတ်သက်သည့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းသတင်းရရှိပါသည်။ Source:         မြောက်ဦးခရိုင်ဦးစီးမှူးရုံး(ဘစမ)

#ar

#rke_aug2018

Sign Up

Upcoming Events