လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျိုက်ထိုမြို့နယ်၊ စစ်တောင်းကျေးရွာအုပ်စု၊ မြသီတာရပ်ကွက် ၌ (၁၂-၈-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော စစ်တောင်းမြစ် ထူးကဲဒီရေမြင့်တက်မှုကြောင့် ပြိုကျနေအိမ် (၇) လုံး မှ အိမ်ထောင်စု (၇) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၇၀၀,၀၀၀/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး (၇) အိမ်ထောင်စာအားလည်းကောင်း၊
တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၅) လုံးမှ အိမ်ထောင်စု (၅) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၅၀၀,၀၀၀/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၁) မျိုး (၅) အိမ်ထောင်စာအားလည်းကောင်း၊
စုစုပေါင်းဘေးသင့်လူဦးရေ (၄၅) ဦးအတွက် ဆန်ရိက္ခာဖိုး (၇) ရက်စာ (၉၄,၅၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁,၂၉၄,၅၀၀/-) ကျပ်တို့အား (၁၃-၈-၂၀၁၈) ရက်နေ့တွင် စစ်တောင်းကျေးရွာ၊ ရွှေဘုန်းပွင့်ဘုန်းကြီးကျောင်း၌ ဘေးသင့်ပြည်သူများထံသို့ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
#ha_fld
#mon_aug2018