အရေးပေါ်ထောက်ပံ့ပို့ဆောင်ရေး လက်တွေ့အသုံးချသင်တန်း ဖွင့်လှစ်မှုသတင်း

13 Pic_01 13Pic_02

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန နှင့် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) တို့ပူးပေါင်း၍ မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့ရှိ ဟိုတယ်မန္တလေး၌ (၁၃-၈-၂၀၁၈) ရက်နေ့၊ (၀၉း၀၀) အချိန်တွင် အရေးပေါ်ထောက်ပံ့ပို့ဆောင်ရေး လက်တွေ့အသုံးချသင်တန်း (Practical Emergency Logistics Training) ကိုဖွင့်လှစ်ခဲ့ရာ

ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းထွဋ်ဆွေက အဖွင့်အမှာစကားပြောကြားပြီး WFP မှ Head of Supply Chain ဖြစ်သူ Mr. Jean Luc Kohler က သင်တန်းဖွင့်လှစ်ရသည့်ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပါသည်။

အဆိုပါသင်တန်းကို သြဂုတ်လ (၁၃) ရက်နေ့မှ (၁၆) ရက်နေ့အထိ (၄) ရက်ကြာ စာတွေ့လက်တွေ့သင်ကြားပို့ချသွားမည်ဖြစ်ပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့မှ အရာရှိကြီးများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များနှင့် သင်တန်းသား/သူများ စုစုပေါင်း (၃၀) ဦး တက်ရောက်ခဲ့ကြကြောင်းသတင်းရရှိပါသည်။

Source:         မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)

#ar

#mdy_aug2018

Sign Up

Upcoming Events