‌မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ ပြောင်းရွှေ့နေအိမ်များအတွက်ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်‌ဆိုင်‌ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ တက်ဆွဲကျေးရွာအုပ်စု၊ တက်ဆွဲကျေးရွာမှ မြစ်မခမြစ်ရေနှစ်မြုပ်မှုအား နှစ်စဉ်ခံစားရသဖြင့် မြစ်မခမြစ်အနောက်ဘက်ကမ်းတာအတွင်းရှိ ကွင်းအမှတ် ၈၈/၈၉ သို့ပြောင်းရွှေ့သည့် နေအိမ်(၉၆)လုံးအတွက် (၁)လုံးလျှင်(၁၀၀,၀၀၀)ကျပ်နှုန်းဖြင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၉,၆၀၀,၀၀၀)ကျပ်အား (၁၁-၈-၂၀၁၈)ရက်နေ့ (၁၁၀၀)နာရီအချိန်တွင် မိုးညိုမြို့နယ် တက်ဆွဲကျေးရွားရှိ Cyclone Shulter ၌ မိုးညိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ပြည်သူလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events