(၁၃-၈-၂၀၁၈) ရက်နေ့တွင် ရေဘေးသင့်ပြည်သူများအတွက် ဦးကျော်မောင်နှင့် ဒေါ်အုန်းကြည်မိသားစုမှ အလှူ ငွေ (၁၂၆,၀၀၀/-) ကျပ်၊ ဦးဝေလင်း (Wyne Hotel ) မှအလှူငွေ (၁၀၀,၀၀၀/-) ကျပ်၊ Wyne Hotel ဝန်ထမ်းများမှ အလှူငွေ (၁၁၅,၀၀၀/-) ကျပ်၊ အကောက်ခွန်ဝန်ထမ်းဟောင်းများအသင်းမှ အလှူငွေ (၁,၀၀၀,၀၀၀/-) ကျပ် အား လာရောက်လှူဒါန်းခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် တာဝန်ရှိ သူများမှလက်ခံ၍ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
#ha_fld
#ygn_aug2018