Author Archives: Department of Disaster Management

  • မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ ဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၈-၂၀၁၈)ရက်နေ့ (ဝ၇၃၀)နာရီအချိန်၌ မိုးညိုမြို့နယ် အင်းတ္တော်လုပ်အုပ်စု၊ မကျီးကုန်းကျေးရွာတွင် ဧရာဝတီမြစ်ရေဝင်ရောက်ပြီး ရေပြန်လည်ကျဆင်းသွားချိန်၌ မြေပျော့၍  ကုက္ကိုလ်ပင်လဲကျခဲ့သဖြင့် တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ်(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၆၄,၀၀၀)ကျပ် အား  (၂၂-၈-၂၀၁၈) ရက်နေ့ (၁၀၀၀)နာရီ အချိန်တွင် မိုးညိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ တာဝန်ရှိသူများ သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ပြည်သူလက်ဝယ်အရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

  • ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၈-၂၀၁၈) ရက်နေ့တွင် ညောင်ဦးမြို့နယ်၊ အထက ကျောင်း၌  ကျောင်းသာ/သူ စုစုပေါင်း (၃၈၀)ဦးတို့အား (၀၉၀၀)အချိန်မှ (၁၁၀၀) အချိန်ထိလည်းကောင်း၊  အထက မြို့မကျောင်း၌ ကျောင်းသား/သူ စုစုပေါင်း (၂၂၀)ဦးတို့အား (၁၃၀၀)အချိန်မှ (၁၄၃၀)အချိန်ထိလည်းကောင်း သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်၍ အသိပညာပေး ဟောပြောခြင်း၊  ဆောင်ရန်/ ရှောင်ရန်များအား ရှင်းလင်းပြောကြားခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

  • ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၀-၈-၂၀၁၈) ရက်နေ့ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၊ ပေါက်တန်းကြီးကျေးရွာအုပ်စု၊ လယ်ဦးစုကျေးရွာတွင်ဖြစ်ပွားခဲ့သောလေဘေးကြောင့် ဘေးသင့်အိမ်ခြေ(၁)အိမ်၊ အိမ်ထောင်စု (၁)စု၊ လူဦးရေ (၅)ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅)မျိုး (တစ်အိမ်ထောင်စာ)၊ အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေကျပ် (၁၀၀,၀၀၀)၊ ဆန်ရိက္ခာတန်ဖိုးငွေကျပ် (၁၀,၅၀၀)တို့အား (၂၁-၈-၂၀၁၈)ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။

  • မြဝတီခရိုင်ဦးစီးမှူးရုံးမှ ရေဘေးရှောင်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့တွင် (၁၉-၈-၂၀၁၈) ရက်နေ့မှစ၍ သောင်ရင်းမြစ်ရေမြင့်တက်မှုကြောင့် မြဝတီမြို့ပေါ်ရပ်ကွက်များမှ ရေဘေးရှောင်ပြည်သူများအား အမှတ်(၄)ရပ်ကွက်၊ ကျောက်လုံးကြီး ပြန်လည်ကြိုဆိုလက်ခံရေးစခန်းတွင် မြဝတီခရိုင်/မြို့နယ်ဌာနဆိုင်ရာများမှ ပြောင်းရွှေ့နေရာချထားခဲ့သည့် အိမ်ထောင်စု(၃၂)စု၊ ကျား (၆၇)၊ မ(၆၃)၊ စုစုပေါင်း(၁၃၀)ဦးတို့အတွက် (၁)ဦးလျှင် ဆန်ရိက္ခာဖိုး(၇)ရက်စာ စုစုပေါင်းငွေကျပ် (၂၇၃,၀၀၀) အား (၂၁-၈-၂၀၁၈)ရက်နေ့ ညနေ(၁၅၀၀)နာရီတွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်းသတင်းရရှိပါသည်။

  • လေဘေးနှင့် ကမ်းပြိုဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးတာဝန်ရှိသူများသည် (၁၇-၈-၂၀၁၈) ရက်နေ့တွင် မအူ ပင်မြို့နယ် မီးသွေးချောင်းအုပ်စု၊ သောင်တန်းတာကွင်းကျေးရွာ၌ (၃၁-၇-၂၀၁၈) ရက်နေ့တွင်ဖြစ် ပွားခဲ့သည့် ကမ်းပြိုးဘေးကြောင့် ကြိုတင်ပြောင်းရွေ့သည့် နေအိမ် (၁၀) လုံး အိမ်ထောင်စု (၁၀) စု အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုးစီ၊ အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၁၀၀၀၀၀၀) ကျပ်နှင့် စုစုပေါင်းလူဦးရေ (၃၄) ဦးအတွက် ဆန်ရိက္ခာဖိုးရန်ပုံငွေ (၇၁၄၀၀) ကျပ်ကိုလည်းကောင်း၊ မအူပင် မြို့နယ်၊ မီးသွေးချောင်းကျေးရွာအုပ်စု၊ သောင်တန်းတာကွင်းကျေးရွာ၌ … Read more

  • ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား)သင်တန်းဖွင့်လှစ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၈-၂၀၁၈)ရက်နေ့မှ (၁၆-၈-၂၀၁၈)ရက်နေ့အထိ ကျိုင်းတုံမြို့နယ်၊ လွိုင်မွေမြို့၊ RC ဘုရားကျောင်းတွင် သဘာဝဘေး လျော့ပါးရေးစေတနာ့ဝန်ထမ်း လူငယ် (ဆင့်ပွား)သင်တန်းဖွင့်လှစ်မည်ဖြစ်ရာ (၁၄-၈-၂၀၁၈) ရက်နေ့ နံနက် (၀၉၀၀) နာရီတွင် ဖွင့်ပွဲအခမ်းအနားပြုလုပ်ခဲ့ပြီး သင်တန်းဖွင့်ပွဲတွင်  လွိုင်မွေ အုပ်ချုပ်ရေးမှူးမှ အဖွင့်အမှာစကားပြောကြားခြင်း၊ ခရိုင်ဦးစီးမှူးက သင်တန်း ဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းခြင်းများပြုလုပ်ခဲ့ကြောင်းနှင့် အဆိုပါသင်တန်းသို့ သင်တန်းသား/သူ (၃၀)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

  • ပင်လယ်ဒီရေမြင့်တက်လာမှုကြောင့် ဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် သုံးခွမြို့နယ်၊ အောင်သာဒါန်းကျေးရွာနှင့် ထွန်းစိန်ကျေး ရွာတို့၌ (၁၂-၈-၂၀၁၈) ရက်နေ့၊ (၁၅း၃၀) နာရီအချိန်တွင် ဖြစ်ပွားခဲ့သော မုတ္တမပင်လယ်ကွေ့ ပင်လယ်ဒီရေမြင့်တက်လာမှုကြောင့် အောင်သာဒါန်းကျေးရွာအုပ်စုရှိ ပင်လယ်ကမ်းစပ်အနီး၌ လယ်သမားများ ကိုယ်ထူကိုယ်ထပြုလုပ်ထားသောတာမှ ပေ (၂၀) ခန့်တစ်နေရာနှင့် ပေ (၃၀) ခန့်တစ်နေရာ၌ တာကျိုးပေါက်မှု ဖြစ်ပွား၍ ပင်လယ်ဒီရေဝင်ရောက်ခဲ့ပြီး တံငါတဲ (၂၅) လုံး ရေဝင်နစ်မြုပ်ခဲ့ရာ အိမ်ထောင်စု (၂၅) စုမှ လူဦးရေ (၉၈) ဦးတို့ ရေဘေးသင့်ခဲ့ပါသဖြင့် … Read more

  • နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ သဘာဝဘေးအသိပညာပေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၄-၈-၂၀၁၈) ရက်နေ့ (၁၃၃၀) နာရီမှ (၁၅၀၀) အချိန်ထိ ဥတ္တရသီရိမြို့နယ်၊ တောင်ညိုအုပ်စု၊ မြင့်မြတ်အောင် ကိုယ်ပိုင်အထက်တန်းကျောင်းတွင် သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ တက်ရောက်လာသည့် ပရဟိတအသင်းများ၊ ကျောင်းသား/သူ စုစုပေါင်း (၂၀၀)ဦး အား လက်ကမ်းစာစောင်များနှင့် ပိုစတာများအား ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

  • ဘီးလင်းမြို့နယ်ဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘီးလင်းမြို့နယ်ဦးစီးမှူးရုံးမှာ တာဝန်ရှိသူများသည် (၂၇-၇-၂၀၁၈)ရက်နေ့တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ဘီးလင်းမြို့နယ်၊ ဝင်းကကျေးရွာအုပ်စု၊ ကျောက်လုံးကြီးကျေးရွာ၊ ပြိုကျလူနေအိမ်(၁၆)လုံး၊ တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၁၄)လုံး တို့အတွက် အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေကျပ် (၃၂)သိန်း၊ ဘေးသင့်ပြည်သူလူဦးရေ (၁၄၃)ဦး အတွက် ထောက်ပံ့ငွေကျပ် (၃၀၀,၃၀၀)၊ ပြိုကျအိမ် (၁၆) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅)မျိုး၊ တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ်အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၁)မျိုး တို့အား (၁၄-၈-၂၀၁၈)ရက်နေ့ (၁၃:၀၀) နာရီအချိန်တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events