ဘီးလင်းမြို့နယ်ဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘီးလင်းမြို့နယ်ဦးစီးမှူးရုံးမှာ တာဝန်ရှိသူများသည် (၂၇-၇-၂၀၁၈)ရက်နေ့တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ဘီးလင်းမြို့နယ်၊ ဝင်းကကျေးရွာအုပ်စု၊ ကျောက်လုံးကြီးကျေးရွာ၊ ပြိုကျလူနေအိမ်(၁၆)လုံး၊ တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၁၄)လုံး တို့အတွက် အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေကျပ် (၃၂)သိန်း၊ ဘေးသင့်ပြည်သူလူဦးရေ (၁၄၃)ဦး အတွက် ထောက်ပံ့ငွေကျပ် (၃၀၀,၃၀၀)၊ ပြိုကျအိမ် (၁၆) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅)မျိုး၊ တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ်အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၁)မျိုး တို့အား (၁၄-၈-၂၀၁၈)ရက်နေ့ (၁၃:၀၀) နာရီအချိန်တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events