မြဝတီခရိုင်ဦးစီးမှူးရုံးမှ ရေဘေးရှောင်ပြည်သူများအားထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့တွင် (၁၉-၈-၂၀၁၈) ရက်နေ့မှစ၍ သောင်ရင်းမြစ်ရေမြင့်တက်မှုကြောင့် မြဝတီမြို့ပေါ်ရပ်ကွက်များမှ ရေဘေးရှောင်ပြည်သူများအား အမှတ်(၄)ရပ်ကွက်၊ ကျောက်လုံးကြီး ပြန်လည်ကြိုဆိုလက်ခံရေးစခန်းတွင် မြဝတီခရိုင်/မြို့နယ်ဌာနဆိုင်ရာများမှ ပြောင်းရွှေ့နေရာချထားခဲ့သည့် အိမ်ထောင်စု(၃၂)စု၊ ကျား (၆၇)၊ မ(၆၃)၊ စုစုပေါင်း(၁၃၀)ဦးတို့အတွက် (၁)ဦးလျှင် ဆန်ရိက္ခာဖိုး(၇)ရက်စာ စုစုပေါင်းငွေကျပ် (၂၇၃,၀၀၀) အား (၂၁-၈-၂၀၁၈)ရက်နေ့ ညနေ(၁၅၀၀)နာရီတွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်းသတင်းရရှိပါသည်။

Sign Up

Upcoming Events