နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ သဘာဝဘေးအသိပညာပေးမှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၄-၈-၂၀၁၈) ရက်နေ့ (၁၃၃၀) နာရီမှ (၁၅၀၀) အချိန်ထိ ဥတ္တရသီရိမြို့နယ်၊ တောင်ညိုအုပ်စု၊ မြင့်မြတ်အောင် ကိုယ်ပိုင်အထက်တန်းကျောင်းတွင် သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ တက်ရောက်လာသည့် ပရဟိတအသင်းများ၊ ကျောင်းသား/သူ စုစုပေါင်း (၂၀၀)ဦး အား လက်ကမ်းစာစောင်များနှင့် ပိုစတာများအား ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events