လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးတာဝန်ရှိသူများသည် (၁၇-၈-၂၀၁၈) ရက်နေ့တွင် မအူ ပင်မြို့နယ် မီးသွေးချောင်းအုပ်စု၊ သောင်တန်းတာကွင်းကျေးရွာ၌ (၃၁-၇-၂၀၁၈) ရက်နေ့တွင်ဖြစ် ပွားခဲ့သည့် ကမ်းပြိုးဘေးကြောင့် ကြိုတင်ပြောင်းရွေ့သည့် နေအိမ် (၁၀) လုံး အိမ်ထောင်စု (၁၀) စု အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုးစီ၊ အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၁၀၀၀၀၀၀) ကျပ်နှင့် စုစုပေါင်းလူဦးရေ (၃၄) ဦးအတွက် ဆန်ရိက္ခာဖိုးရန်ပုံငွေ (၇၁၄၀၀) ကျပ်ကိုလည်းကောင်း၊ မအူပင် မြို့နယ်၊ မီးသွေးချောင်းကျေးရွာအုပ်စု၊ သောင်တန်းတာကွင်းကျေးရွာ၌ (၁၁ – ၈ -၂၀၁၈) ရက်နေ့ တွင်ဖြစ်ပွားခဲ့သည့် ကမ်းပြိုဘေးကြောင့် ကြိုတင်ပြောင်းရွေ့ခဲ့သည့် နေအိမ် (၁၃) လုံး၊ အိမ်ထောင် စု (၁၃) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုးစီ၊ အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၁၃၀၀၀၀၀) ကျပ်နှင့် စုစုပေါင်းလူဦးရေ (၆၀) ဦးအတွက် ဆန်ရိက္ခာဖိုးရန်ပုံငွေ (၁၂၆၀၀၀) ကျပ်ကို သောင် တန်းကျေးရွာ ဓမ္မာရုံ၌ (၁၀:၁၀) နာရီအချိန်တွင်လည်းကောင်း၊ ညောင်တုန်းမြို့နယ်၊ မြမ္မာပြသာ ကျေးရွာအုပ်စု၊ သောင်တန်းကျေးရွာ၌ (၃-၈-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် လေဘေးကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ် (၂) လုံး အိမ်ထောင်စု (၂) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးစီ၊ အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၂၀၀၀၀၀) ကျပ်နှင့် စုစုပေါင်းလူဦးရေ (၉) ဦးအတွက် ဆန်ရိက္ခာဖိုးရန်ပုံငွေ (၁၈၉၀၀) ကျပ်ကို (၁၀:၄၅) ချိန်တွင်လည်းကောင်း၊ ဓနုဖြူမြို့နယ်၊ ပုကွန် ကျေးရွာအုပ်စု၊ ပုကွန်းကျေးရွာ၌ (၃၀-၇-၂၀၁၈) ရက်နေ့တွင် လေဘေးကြောင့် တစိတ်တပိုင်း ပျက်စီးခဲ့သည့် နေအိမ် (၂) လုံး အိမ်ထောင်စု (၂) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၁) မျိုးစီ၊ အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၁၀၀၀၀၀) ကျပ်နှင့် စုစုပေါင်းလူဦးရေ (၈) ဦးအတွက် ဆန်ရိက္ခာ ဖိုးရန်ပုံငွေ (၁၆၈၀၀) ကျပ်ကိုလည်းကောင်း၊ ဓနုဖြူမြို့နယ်၊ ကမ်းငူကြီးကျေးရွာအုပ်စု၊ လက်ပံ ဇင်ကျွန်းကျေးရွာ၌ ( ၁၃-၈-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲသည့်လေးဘေးကြောင့် တစိတ်တပိုင်း ပျက်စီးခဲ့သည့် နေအိမ် (၁) လုံး အိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၁) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၅၀၀၀၀) ကျပ်နှင့် လူဦးရေ (၅) ဦးအတွက် ဆန်ရိက္ခာဖိုး ရန်ပုံငွေ (၁၀၅၀၀) ကျပ်ကိုလည်းကောင်း၊ ဓနုဖြူမြို့နယ်၊ အမှတ် (၁၆) ရပ်ကွက်နှင့် နန်းတော်ကုန်းကျေး ရွာအုပ်စု၊ နန်းတောကုန်းကျေးရွာ၌ (၁၅-၈-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် လေဘေးကြောင့် တစိတ်တပိုင်းပျက်စီးခဲ့သည့် နေအိမ် (၇) လုံး အိမ်ထောင်စု (၇) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၁) မျိုးစီနှင့် ပြိုကျနေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ (၁၄:၀၀) ချိန်တွင်လည်းကောင်း၊ ဓနုဖြူမြို့ နယ်၊ ကနုကြီးကျေးရွာအုပ်စု၊ ရွှေဇင်ကျွန်း ကျေးရွာ၌ (၁၃-၈-၂၀၁၈) ရက်နေ့တွင် ကမ်းပြိုဘေး ကြောင့် ကြိုတင်ပြောင်းရွေ့ခဲ့သည် နေအိမ် (၃၉) လုံး၊ အိမ်ထောင်စု (၃၉) စုအတွက် ကယ်ဆယ် ရေးပစ္စည်း (၁၀) မျိုးစီနှင့် စုစုပေါင်းလူဦးရေ (၁၄၀) ဦးအတွက် ဆန်ရိက္ခာဖိုး ရန်ပုံငွေ (၂၉၄၀၀၀) ကျပ်အား မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် အတူ (၁၂:၂၀) ချိန်တွင်လည်းကောင်း စုစုပေါင်းကယ်ဆယ် ရေးရန်ပုံငွေ (၃၁၈၇၆၀၀) ကျပ်အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။
#ha_sgw-rbe
#ayy-aug2018
Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)