ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၀-၈-၂၀၁၈) ရက်နေ့ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၊ ပေါက်တန်းကြီးကျေးရွာအုပ်စု၊ လယ်ဦးစုကျေးရွာတွင်ဖြစ်ပွားခဲ့သောလေဘေးကြောင့် ဘေးသင့်အိမ်ခြေ(၁)အိမ်၊ အိမ်ထောင်စု (၁)စု၊ လူဦးရေ (၅)ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅)မျိုး (တစ်အိမ်ထောင်စာ)၊ အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေကျပ် (၁၀၀,၀၀၀)၊ ဆန်ရိက္ခာတန်ဖိုးငွေကျပ် (၁၀,၅၀၀)တို့အား (၂၁-၈-၂၀၁၈)ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events