လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် သုံးခွမြို့နယ်၊ အောင်သာဒါန်းကျေးရွာနှင့် ထွန်းစိန်ကျေး ရွာတို့၌ (၁၂-၈-၂၀၁၈) ရက်နေ့၊ (၁၅း၃၀) နာရီအချိန်တွင် ဖြစ်ပွားခဲ့သော မုတ္တမပင်လယ်ကွေ့ ပင်လယ်ဒီရေမြင့်တက်လာမှုကြောင့် အောင်သာဒါန်းကျေးရွာအုပ်စုရှိ ပင်လယ်ကမ်းစပ်အနီး၌ လယ်သမားများ ကိုယ်ထူကိုယ်ထပြုလုပ်ထားသောတာမှ ပေ (၂၀) ခန့်တစ်နေရာနှင့် ပေ (၃၀) ခန့်တစ်နေရာ၌ တာကျိုးပေါက်မှု ဖြစ်ပွား၍ ပင်လယ်ဒီရေဝင်ရောက်ခဲ့ပြီး တံငါတဲ (၂၅) လုံး ရေဝင်နစ်မြုပ်ခဲ့ရာ အိမ်ထောင်စု (၂၅) စုမှ လူဦးရေ (၉၈) ဦးတို့ ရေဘေးသင့်ခဲ့ပါသဖြင့် နီးစပ်ရာဆွေမျိုးနေအိမ်များသို့ပြောင်းရွှေ့ခဲ့ပြီး
ထွန်းစိန်ကျေးရွာအုပ်စု၌ တံငါးတဲ (၂) လုံးမှာ ရေထဲမျောပါပျက်စီးခဲ့ပြီး တံငါးတဲ (၁၅) လုံးမှာ ရေဝင်နစ်မြုပ်ခဲ့ရာ အိမ်ထောင်စု (၁၇) စုမှ လူဦးရေ (၆၄) ဦးဘေးသင့်ခဲ့ပါသည်။
အဆိုပါဘေးသင့် အိမ်ထောင်စု စုစုပေါင်း (၄၂) စုမှ လူဦးရေ (၁၆၂) ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀,၀၀၀/-) ကျပ်၊ ဆန်ရိက္ခာဖိုး (၇) ရက်စာ (၃၄၀,၂၀၀/-) ကျပ်၊ စုစုပေါင်း (၅၄၀,၂၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၁) မျိုး (၂) အိမ်ထောင်စာအား (၁၄-၈-၂၀၁၈) ရက်နေ့တွင် ဘေးသင့်ပြည်သူများထံသို သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
#ha_fld
#ygn_aug2018