မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ ဘေးထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၈-၂၀၁၈)ရက်နေ့ (ဝ၇၃၀)နာရီအချိန်၌ မိုးညိုမြို့နယ် အင်းတ္တော်လုပ်အုပ်စု၊ မကျီးကုန်းကျေးရွာတွင် ဧရာဝတီမြစ်ရေဝင်ရောက်ပြီး ရေပြန်လည်ကျဆင်းသွားချိန်၌ မြေပျော့၍  ကုက္ကိုလ်ပင်လဲကျခဲ့သဖြင့် တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ်(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၆၄,၀၀၀)ကျပ် အား  (၂၂-၈-၂၀၁၈) ရက်နေ့ (၁၀၀၀)နာရီ အချိန်တွင် မိုးညိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ တာဝန်ရှိသူများ သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ပြည်သူလက်ဝယ်အရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events