လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၈-၂၀၁၈)ရက်နေ့မှ (၁၆-၈-၂၀၁၈)ရက်နေ့အထိ ကျိုင်းတုံမြို့နယ်၊ လွိုင်မွေမြို့၊ RC ဘုရားကျောင်းတွင် သဘာဝဘေး လျော့ပါးရေးစေတနာ့ဝန်ထမ်း လူငယ် (ဆင့်ပွား)သင်တန်းဖွင့်လှစ်မည်ဖြစ်ရာ (၁၄-၈-၂၀၁၈) ရက်နေ့ နံနက် (၀၉၀၀) နာရီတွင် ဖွင့်ပွဲအခမ်းအနားပြုလုပ်ခဲ့ပြီး သင်တန်းဖွင့်ပွဲတွင် လွိုင်မွေ အုပ်ချုပ်ရေးမှူးမှ အဖွင့်အမှာစကားပြောကြားခြင်း၊ ခရိုင်ဦးစီးမှူးက သင်တန်း ဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းခြင်းများပြုလုပ်ခဲ့ကြောင်းနှင့် အဆိုပါသင်တန်းသို့ သင်တန်းသား/သူ (၃၀)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။