လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၈-၂၀၁၈) ရက်နေ့တွင် ညောင်ဦးမြို့နယ်၊ အထက ကျောင်း၌ ကျောင်းသာ/သူ စုစုပေါင်း (၃၈၀)ဦးတို့အား (၀၉၀၀)အချိန်မှ (၁၁၀၀) အချိန်ထိလည်းကောင်း၊ အထက မြို့မကျောင်း၌ ကျောင်းသား/သူ စုစုပေါင်း (၂၂၀)ဦးတို့အား (၁၃၀၀)အချိန်မှ (၁၄၃၀)အချိန်ထိလည်းကောင်း သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်၍ အသိပညာပေး ဟောပြောခြင်း၊ ဆောင်ရန်/ ရှောင်ရန်များအား ရှင်းလင်းပြောကြားခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။