Author Archives: RRD

  • လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ရက် (၁၀၀) စီမံချက်နှင့် ပတ်သက်၍ ဆောင်ရွက်နေမှုများအား ဆန်းစစ်သည့် အခမ်းအနား ကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် (၂၃-၆-၂၀၁၆) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော ဝန်ကြီးဌာန၏ ရက် (၁၀၀) စီမံချက်နှင့် ပတ်သက်၍ ဆောင်ရွက်နေမှုများအား ဆန်းစစ်သည့် အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားပါသည်။ ထို့သို့အမှာစကား‌ပြောကြားရာတွင် ဝန်ကြီးဌာနမှ လက်ရှိလုပ်ဆောင်လျက်ရှိသော လုပ်ငန်းများမှ လုပ်ငန်းအလိုက် ပြီးစီးမှုအ‌ခြေအနေများ၊ ကြုံတွေ့ရသော အခက်အခဲများ၊ ယင်းအခက်အခဲများအား ရင်ဆိုင်ကျော်လွှား ပြန်လည်ဆောင်ရွက်နိုင်မည့် နည်းလမ်းများအား ရှင်းရှင်းလင်လင်း ဖြစ်စေဖို့အတွက် ဆွေးနွေးရန်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် ဥပဒေများ၊ … Read more

  • ကချင်ပြည်နယ်၊ ဆော့လော်မြို့နယ်၊ လန်ဆယ်ဒေသ ရေဘေးသင့်ကျောင်းသူ/သား (၁၁၉) ဦးအား ထောက်ပံ့ပေးမှု သတင်း

      ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃- ၆ -၂၀၁၆) ရက်နေ့တွင် ကချင်ပြည်နယ်၊ ဆော့လော်မြို့နယ်၊ လန်ဆယ်ဒေသ ရေဘေးသင့်ကျောင်းသူ/သား (၁၁၉) ဦးသည် မြစ်ကြီးနားမြို့သို့ေရာက်ရှိလျက်ရှိပြီး ပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် မြစ်ကြီနားမြို့ ရွှေစက်ရပ်ကွက်၊ နယ်မြေ(၁၃)၊ ခြံအမှတ် (၉၁)၌ နေထိုင်၍ပညာသင်ကြားလျက်ရှိပါသည်။ ထိုကျောင်းသူ/ သားများအတွက် (၇)ရက်စာ အစားအစာထောက်ပံ့မှုဖြင့် ဘီစကစ် (၁၆၆၆) ထုပ်ကို ဆော့လော်မဲဆန္ဒနယ် (၂ ) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခေါ်မာဝူသို့လည်းကောင်း၊ (၂၁- ၆- ၂၀၁၆ ) … Read more

  • မကွေးမြို့၊ အထက (၃) တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

    မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ အထက (၃) ၌ သဘာဝဘေးအန္တယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကို (၂၃-၆-၂၀၁၆) ရက်နေ့၊ (၁၃:ဝ၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) မှ တိုင်းဒေသကြီးဦးစီးမှူးက သဘာဝဘေးအန္တရာယ်ဆိုင်ရာသိမှတ်ဖွယ်ရာများအား ဟောပြောခဲ့ပါသည်။ ဟောပြောပွဲသို့ ဆရာ၊ ဆရာမများနှင့် ကျောင်းသား/သူ အင်အား (၄၀၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)

  • ကရင်ပြည်နယ် ၊ ဘားအံမြို့၊ အ.မ.က(၆)မူလွန်ကျောင်းနှင့် အ.ထ.က (၃)ကျောင်းတို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဆွေးနွေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

    (၂၂-၆-၂၀၁၆) ရက်နေ့တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီမှူးရုံးမှ တာဝန်ရှိသူများသည် ကရင်ပြည်နယ် ၊ ဘားအံမြို့၊ အ.မ.က(၆)မူလွန်ကျောင်းနှင့် အ.ထ.က (၃)ကျောင်းတို့၌ ကျောင်းသား/ကျောင်းသူများအနေဖြင့် သဘာဝဘေးအန္တရာယ်များဖြစ်ပွားလာပါက လိုက်နာရ မည့် ဆောင်ရန်/ရှောင်ရန်ကိစ္စများ၊ ကြိုတင်ကာကွယ်ခြင်း၊ ကြိုတင်ပြင်ဆင်ခြင်းနှင့် တုံ့ပြန်ခြင်းဆိုင်ရာ အသိပညာဗဟုသုတရရှိစေရေးအတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဆွေးနွေးဟောပြောပွဲအား ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ ကျောင်းသား/ သူများနှင့် ဆရာ/ ဆရာမများ၊ စုစုပေါင်းလူဦးရေ (၇၂၀) ဦးတက်ရောက်ခဲ့ပြီး ဆရာမများထံသို့ နံရံကပ်ပိုစတာများနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေစာအုပ်များကိုလည်း ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

  • (၂၃.၆.၂၀၁၆) နေ့တွင် “သဘာဝဘေးဆိုင်ရာအသိပညာပေးဆွေးနွေးပွဲ” အား အ.ထ.က ကျိုက်ကော်တွင် ကျင်းပပြုလုပ်မှုသတင်း

    မြန်မာနိုင်ငံတွင် လတ်တလော ဖြစ်ပွားနေသည့် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံခြင်း၊ မိုးသီးကြွေခြင်း၊ မိုးကြိုးပစ်ခြင်း စသည်များ ဖြစ်ပေါ်လျက်ရှိရာ မွန်ပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်းမှ ကျောင်းသား/ကျောင်းသူများအနေဖြင့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက လိုက်နာရမည့် ဆောင်ရန်/ရှောင်ရန်ကိစ္စများ၊ ကြိုတင်ကာကွယ်ခြင်း၊ ကြိုတင်ပြင်ဆင်ခြင်း၊ တုံပြန်ခြင်းဆိုင်ရာ အသိပညာဗဟုသုတရရှိစေရေးအတွက် “သဘာဝဘေးဆိုင်ရာအသိပညာပေးဆွေးနွေးပွဲ”  အား သထုံခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် အ.ထ.က ကျိုက်ကော်၌ (၂၃.၆.၂၀၁၆) နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသား/ကျောင်းသူများနှင့် ဆရာ၊ ဆရာမစုစုပေါင်း (၈၂၀) ဦး တက်ရောက်ခဲ့ကြောင်း  သိရှိရပါသည်။ Source: … Read more

Sign Up

Upcoming Events