ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃- ၆ -၂၀၁၆) ရက်နေ့တွင် ကချင်ပြည်နယ်၊ ဆော့လော်မြို့နယ်၊ လန်ဆယ်ဒေသ ရေဘေးသင့်ကျောင်းသူ/သား (၁၁၉) ဦးသည် မြစ်ကြီးနားမြို့သို့ေရာက်ရှိလျက်ရှိပြီး ပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် မြစ်ကြီနားမြို့ ရွှေစက်ရပ်ကွက်၊ နယ်မြေ(၁၃)၊ ခြံအမှတ် (၉၁)၌ နေထိုင်၍ပညာသင်ကြားလျက်ရှိပါသည်။ ထိုကျောင်းသူ/ သားများအတွက် (၇)ရက်စာ အစားအစာထောက်ပံ့မှုဖြင့် ဘီစကစ် (၁၆၆၆) ထုပ်ကို ဆော့လော်မဲဆန္ဒနယ် (၂ ) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခေါ်မာဝူသို့လည်းကောင်း၊ (၂၁- ၆- ၂၀၁၆ ) ရက်နေ့တွင် လူမှုရေး ဝန်ကြီးဦးဆောင်၍ ဌာနဆိုင်ရာများနှင် UNICEF အဖွဲ့အစည်းတို့က ကျောင်းသုံးထောက်ပံ့ပစ္စည်းများ သန့်ရှင်းရေးသုံးပစ္စည်းများနှင့်ထောက်ပံ့ငွေများကိုပေးအပ်ခဲ့ပြီး ကချင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ) မှ အနေဖြင့် ကျောင်းသူ (၆၁) ဦးတွက် သန့်ရှင်းရေသုံးပစ္စည်း(၉)မျိုးပါ (၆၁) အိတ်၊ ကျောင်းသား (၅၈) ဦးတွက် သန့်ရှင်းရေသုံးပစ္စည်း (၈) မျိုးပါ (၅၈) အိတ်၊ စုစုပေါင်း (၁၁၉) အိတ်တို့အား ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး(ကဆရ)