(၂၃.၆.၂၀၁၆) နေ့တွင် “သဘာဝဘေးဆိုင်ရာအသိပညာပေးဆွေးနွေးပွဲ” အား အ.ထ.က ကျိုက်ကော်တွင် ကျင်းပပြုလုပ်မှုသတင်း

မြန်မာနိုင်ငံတွင် လတ်တလော ဖြစ်ပွားနေသည့် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံခြင်း၊ မိုးသီးကြွေခြင်း၊ မိုးကြိုးပစ်ခြင်း စသည်များ ဖြစ်ပေါ်လျက်ရှိရာ မွန်ပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်းမှ ကျောင်းသား/ကျောင်းသူများအနေဖြင့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက လိုက်နာရမည့် ဆောင်ရန်/ရှောင်ရန်ကိစ္စများ၊ ကြိုတင်ကာကွယ်ခြင်း၊ ကြိုတင်ပြင်ဆင်ခြင်း၊ တုံပြန်ခြင်းဆိုင်ရာ အသိပညာဗဟုသုတရရှိစေရေးအတွက် “သဘာဝဘေးဆိုင်ရာအသိပညာပေးဆွေးနွေးပွဲ”  အား သထုံခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် အ.ထ.က ကျိုက်ကော်၌ (၂၃.၆.၂၀၁၆) နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသား/ကျောင်းသူများနှင့် ဆရာ၊ ဆရာမစုစုပေါင်း (၈၂၀) ဦး တက်ရောက်ခဲ့ကြောင်း  သိရှိရပါသည်။

Source: သထုံခရိုင်ဦးစီးမှူးရုံံး (ကဆရ)

Sign Up

Upcoming Events