တနင်္သာရီတိုင်းဒေသကြီး၊မြိတ်ခရိုင်၊ မြိတ်မြို့နယ်၊ အ.ထ.က (၂) ကျောင်းတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲပြုလုပ်မှုသတင်း

2

ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၆-၂၀၁၆) ရက်နေ့တွင် မြိတ်ခရိုင်ဦးစီးမှူးရုံး မြိတ်မြို့နယ် အထက (၂) ကျောင်းရှိ ခန်းမ၌ သဘာဝဘေး အန္တရာယ် ဆိုင်ရာ အကြောင်းအရာများနှင့်စပ်လျဉ်း၍ သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်သည့် အကြောင်းအရာ များ အား ဆွေးနွေးဟောပြောခြင်း၊ ရှောင်ရန် ဆောင်ရန်များ ဟောပြောခဲ့ပြီး ကျောင်းသား/သူ ဦးရေ (၃၁၂) ဦးနှင့် ဆရာ/မ ဦးရေ (၁၆) ဦး စုစုပေါင်း (၃၂၈) ဦး တက်ရောက်ခဲ့ကြပါသည်။ အဆိုပါ ဟောပြောပွဲတွင် ဆရာ/မ များနှင့် ကျောင်းသား/သူများအား လက်ကမ်းစာစောင်များ၊ နံရံကပ်ပိုစတာများ၊ ဘောလ်ပင်များ၊ ရေသန့် ဆေးမှုန့်ဘူးနှင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ စာအုပ်များ ဝေငှပေးခဲ့ကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events