(၂၃-၆-၂၀၁၆) ရက်နေ့တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဘားအံမြို့ အ.ထ.က(၂) ကျောင်းနှင့် အ.ထ.က(၃) (ခွဲ) ကျောင်းတို့တွင် သဘာဝဘေးအန္တရာယ် အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ ကျောင်းသား/သူများနှင့် ဆရာ/ဆရာမများ စုစုပေါင်း (၅၃၇) ဦး တက်ရောက်ခဲ့ပြီး ဆရာမများထံသို့ နံရံကပ်ပိုစတာများနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ စာအုပ်များကို ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး(ကဆရ)