မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ အထက (၃) ၌ သဘာဝဘေးအန္တယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကို (၂၃-၆-၂၀၁၆) ရက်နေ့၊ (၁၃:ဝ၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) မှ တိုင်းဒေသကြီးဦးစီးမှူးက သဘာဝဘေးအန္တရာယ်ဆိုင်ရာသိမှတ်ဖွယ်ရာများအား ဟောပြောခဲ့ပါသည်။ ဟောပြောပွဲသို့ ဆရာ၊ ဆရာမများနှင့် ကျောင်းသား/သူ အင်အား (၄၀၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)