ဧရာဝတီတိုင်းဒေသကြီး၊ ဒေးဒရဲမြို့နယ်၊ အ.ထ.က (၁)နှင့် အ.ထ.က (၂) ကျောင်းများတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲပြုလုပ်မှုသတင်း

3 2

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ အ.ထ.က (၁)နှင့် အ.ထ.က (၂)ကျောင်းများ၌ (၂၃-၆-၂၀၁၆) ရက်နေ့တွင် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အကြောင်းအရာများနှင့် စပ်လျဉ်း၍ အသိပညာပေးဆွေးနွေးဟောပြော ခြင်း၊ သရုပ်ပြပုံများဖြင့် လက်တွေ့လေ့လာဆောင်ရွက်ပေးခြင်းများ ပြုလုပ်စေခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ ကျောင်းသား/သူ အင်အား (၈၁၀) ဦးတက်ရောက်ခဲ့ကြပြီး ကျောင်းသား/သူများအတွက် သဘာဝဘေးအသိ ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events