ပုဗ္ဗသီရိမြို့နယ် ၊ အ.ထ.က (၃) နှင့် ဥတ္တရသီရိမြို့နယ် အ.ထ.က (၁၂)တို့ တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဆွေးနွေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

(၂၃-၆-၂၀၁၆) ရက်နေ့တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပုဗ္ဗသီရိမြို့နယ် ၊ အ.ထ.က (၃) နှင့် ဥတ္တရသီရိမြို့နယ် အ.ထ.က (၁၂)တို့ ၌ ကျောင်းသား/ကျောင်းသူများအနေဖြင့် သဘာဝဘေးအန္တရာယ်များဖြစ်ပွားလာပက လိုက်နာရ မည့် ဆောင်ရန်/ရှောင်ရန်ကိစ္စများ၊ ကြိုတင်ကာကွယ်ခြင်း၊ ကြိုတင်ပြင်ဆင်ခြင်းနှင့် တုံ့ပြန်ခြင်းဆိုင်ရာ အသိပညာဗဟုသုတရရှိစေရေးအတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဆွေးနွေးဟောပြောပွဲအား ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ ကျောင်းသား/ သူများနှင့် ဆရာ/ ဆရာမများ၊ အ.ထ.က (၃) တွင် (၃၂၀) ဦး နှင့် အ.ထ.က (၁၂)တွင် (၄၀၀)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events