ကရင်ပြည်နယ် ၊ ဘားအံမြို့၊ အ.မ.က(၆)မူလွန်ကျောင်းနှင့် အ.ထ.က (၃)ကျောင်းတို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဆွေးနွေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

(၂၂-၆-၂၀၁၆) ရက်နေ့တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီမှူးရုံးမှ တာဝန်ရှိသူများသည် ကရင်ပြည်နယ် ၊ ဘားအံမြို့၊ အ.မ.က(၆)မူလွန်ကျောင်းနှင့် အ.ထ.က (၃)ကျောင်းတို့၌ ကျောင်းသား/ကျောင်းသူများအနေဖြင့် သဘာဝဘေးအန္တရာယ်များဖြစ်ပွားလာပါက လိုက်နာရ မည့် ဆောင်ရန်/ရှောင်ရန်ကိစ္စများ၊ ကြိုတင်ကာကွယ်ခြင်း၊ ကြိုတင်ပြင်ဆင်ခြင်းနှင့် တုံ့ပြန်ခြင်းဆိုင်ရာ အသိပညာဗဟုသုတရရှိစေရေးအတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဆွေးနွေးဟောပြောပွဲအား ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ ကျောင်းသား/ သူများနှင့် ဆရာ/ ဆရာမများ၊ စုစုပေါင်းလူဦးရေ (၇၂၀) ဦးတက်ရောက်ခဲ့ပြီး ဆရာမများထံသို့ နံရံကပ်ပိုစတာများနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေစာအုပ်များကိုလည်း ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events