လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ကချင်ပြည်နယ် အတွင်းရှိ IDPs မိသားစုများ အသက်မွေးဝမ်းကျောင်းလုပ်ငန်း များ ဆောင်ရွက်နိုင်ရန် အတွက် ထောက်ပံ့ငွေ ပေးအပ်ခြင်း

kc2 kc3

(၁၇- ၆ -၂၀၁၆) ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာနမှ ကချင်ပြည်နယ်အတွင်းရှိ IDPs မိသားစုများ အသက်မွေးဝမ်း ကျောင်းလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် ထောက်ပံ့ငွေကျပ် သိန်း (၅၀၀)ကို ပြည်နယ်ဝန်ကြီး ချုပ်၏ လမ်းညွှန်မှုဖြင့် လူမှုရေးဝန်ကြီးဦးဆောင်၍ စီမံခန့်ခွဲရေး ကော်မတီဖွဲ့စည်းကာ စံပြစခန်း( ၁၀ ) ခုရွေးချယ်၍ စခန်း တစ်ခုလျှင် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ လုပ်ကိုင်နိုင်ရန် သိန်း( ၅၀) နှုန်းဖြင့် စုစုပေါင်း သိန်း (၅၀၀) ကို ကချင်ပြည်နယ် အစိုးရအဖွဲ့ အစည်းအဝေးခန်းမ (၂) ၌ ထောက်ပံ့ခဲ့ပါသည်။ အဆိုပါ ထောက်ပံ့ငွေများကို စခန်းအလိုက် စီမံခန့်ခွဲမှု ကော်မတီများဖွဲ့စည်းကာ အရင်းမပျောက် မတည်ငွေ အဖြစ် လုပ်ငန်းများဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်း ရရှိပါသည်။

Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး(ကဆရ)

Sign Up

Upcoming Events