Author Archives: RRD
-
မြန်မာနိုင်ငံအတွင်းဖြစ်ပွားလျက်ရှိသော ရေဘေးသင့်ပြည်သူများအတွက် အလှူငွေ နှင့် ပစ္စည်းများကို နေပြည်တော်ရှိ လူမှု၀န်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာနနှင့် ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာ ချထားရေးဦးစီးဌာန၊ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးရုံး များသို့ စေတနာ ရှင်ပြည်သူများထံမှ (၄-၈-၂၀၁၅) ရက်နေ့အထိ အလှူငွေနှင့် ပစ္စည်းများလာရောက် လှူဒါန်းမှုသတင်း။
မြန်မာနိုင်ငံအတွင်းဖြစ်ပွားလျက်ရှိသော ရေဘေးသင့်ပြည်သူများအတွက် အလှူငွေနှင့် ပစ္စည်း များကိုနေပြည်တော်ရှိ လူမှု၀န်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီး ဌာနနှင့်ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူး ရုံးများသို့လာရောက်လှူဒါန်းလျှက်ရှိရာ (၄-၈-၂၀၁၅)နေ့တွင် နေပြည်တော်အလှူခံဌာန၌ အလှူ ငွေကျပ် (၅၄,၈၀,၀၀၀ိ/-)နှင့် အ၀တ်အထည်မျိုးစုံ (၂) ထုပ်ကို အမျိုးသားသဘာ၀ဘေးကာကွယ် စောင့်ရှောက်ရေးဗဟိုကော်မတီ၊ အတွင်းရေးမှူး၊ လူမှု၀န်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေး၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီးဦးဘုန်းဆွေ၊ အမျိုးသားသဘာ၀ ဘေးကာကွယ်စောင့်ရှောက် ရေးစီမံခန့်ခွဲမှုလုပ်ငန်း ကော်မတီအတွင်းရေးမှူး၊ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး၀န်ကြီးဌာန၊ အမြဲတမ်းအတွင်း၀န်တာ၀န်ခံ ညွှန်ကြားရေးမှူးချုပ်၊ဦးစိုးအောင်၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဦးစီးဌာနမှ … Read more
-
အမျိုးသားသဘာဝဘေးကာကွယ်စောင့်ရှောက်ရေး ဗဟိုကော်မတီ၏ ဦးဆောင်မှုဖြင့် အမျိုးသားသဘာဝဘေး ကာကွယ်စောင့်ရှောက်ရေး စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ၊ ဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင်သည် တာဝန်ရှိသူများလိုက်ပါလျက် သြဂုတ်လ (၃) ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်နှင့် စေတုတ္တရာမြို့နယ်သို့ ရောက်ရှိပြီး ကျောင်းတော်ရာဘုရား ကယ်ဆယ်ရေးစခန်း၌ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဘုန်းမော်ရွှေ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်စိုးထွဋ်တို့နှင့်တွေ့ဆုံ၍ ရေဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ထောက်ပံ့ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးမှုသတင်း
အမျိုးသားသဘာဝဘေးကာကွယ်စောင့်ရှောက်ရေး ဗဟိုကော်မတီ၏ ဦးဆောင်မှုဖြင့် အမျိုးသား သဘာဝဘေး ကာကွယ်စောင့်ရှောက်ရေး စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ၊ ဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင်သည် တာဝန်ရှိသူများ လိုက်ပါ လျက် သြဂုတ်လ (၃) ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်သို့ ရောက်ရှိပြီး ကျောင်းတော်ရာဘုရား ကယ်ဆယ်ရေးစခန်း၌ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဘုန်းမော်ရွှေ၊ အလယ်ပိုင်းတိုင်းစစ်ဌာန ချုပ်တိုင်းမှူး ဗိုလ်ချုပ်စိုးထွဋ်တို့နှင့်တွေ့ဆုံ၍ ရေဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ထောက်ပံ့ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပါသည်။ ထို့နောက် ဝန်ကြီးဌာန အနေဖြင့် ပွင့်ဖြူမြို့နယ် ရေဘေးသင့်ပြည်သူများအတွက် … Read more
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြည်လည်နေရာချထားရေးဝန်ကြီးဌာနမှ မြန်မာနိုင်ငံအတွင်း ဖြစ်ပွားလျက်ရှိသော ရေဘေးသင့်ပြည်သူများအတွက် စေတနာရှင် ပြည်သူများထံမှ အလှူငွေနှင့် ပစ္စည်းများ လာရောက်လှူဒါန်းမှုကို လက်ခံရရှိမှုသတင်း။
မြန်မာနိုင်ငံအတွင်းဖြစ်ပွားလျက်ရှိသော ရေဘေးသင့်ပြည်သူများအတွက် အလှူငွေ နှင့် ပစ္စည်းများကို နေပြည်တော်ရှိ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေး၀န်ကြီးဌာနနှင့် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ တိုင်းဒေသကြီး /ပြည်နယ်ဦးစီးမှူးရုံးများသို့ လာရောက်လှူဒါန်းလျှက်ရှိရာ (၃-၈-၂၀၁၅) နေ့တွင် နေပြည် တော်အလှူခံဌာန၌ အလှူငွေကျပ် (၇၆,၀၀,၀၀၀/-) နှင့် အ၀တ်အထည်မျိုးစုံ (၂) ထုပ်ကို အမျိုးသားသဘာ၀ဘေးကာကွယ် စောင့်ရှောက်ရေးဗဟိုကော်မတီ၊ အတွင်းရေးမှူး၊ လူမှု ၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဦးဘုန်းဆွေနှင့် အမျိုးသားသဘာ၀ ဘေးကာကွယ်စောင့်ရှောက်ရေး စီမံခန့်ခွဲမှုလုပ်ငန်းကော် မတီအတွင်းရေးမှူး၊ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် … Read more
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမိသားစု၏ ဒဿမအကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ကျင်းပခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမိသားစု၏ ဒဿမအကြိမ်ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ဇူလိုင်လ (၂၈) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် အဆိုပါဝန်ကြီးရုံး၊ စုပေါင်းခန်းမ၌ ကျင်းပပါသည်။ အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင်၊ ဒုတိယဝန်ကြီး ဒေါ်စုစုလှိုင်၊ အမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် ဖိတ်ကြားထားသော ဧည့်တော်များ၊ ဝန်ထမ်းများ တက်ရောက် ကြည်ညိုကြပါသည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်ပရိတ်သတ်များက ပျဉ်းမနားမြို့၊ တံခွန်တိုင်ကျောင်းတိုက် ဦးစီးပဓာန နာယကဆရာတော် ဒေါက်တာဘဒ္ဒန္တဝါယမထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်ကြီးများမှ … Read more
-
(၂၈-၇-၂၀၁၅) ရက်နေ့အထိ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ရခိုင်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပေးမှုသတင်း
၂၀၁၅ ခုနှစ် ဇွန်လ (၂၄) ရက်နေ့မှစ၍ ရခိုင်ပြည်နယ်အတွင်း မိုးသည်း ထန်စွာရွာသွန်းမှုကြောင့် ဘူးသီးတောင်၊ မောင်တော၊ အမ်း၊ သံတွဲ၊ကျောက်တော်၊ ဂွ၊ တောင်ကုတ်မြို့နယ်များတွင် ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ရာ နေအိမ် (၃၈၄) လုံး ရေမျောပါဆုံးရှုံးပြီး နေအိမ် (၁၈၆၇) လုံး ရေ၀င်ပျက်စီးခြင်းကြောင့် လူဦးရေ စုစုပေါင်း (၁၃၅၄၂) ဦး ဘေးဒုက္ခကြုံတွေ့ခဲ့ပြီး၊ လူ (၆) ဦး သေဆုံးခဲ့ပါသည်။ အဆိုပါ ရေဘေးသင့်ပြည်သူများအတွက် လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာနမှ ဆန်ရိက္ခာဖိုး (၂၈၃၅၀၀၀/-)၊ အိမ်ဆောက်ပစ္စည်းဖိုး(၄၀၃၀၀၀၀၀/-)၊ … Read more
-
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ လူမှုကာကွယ် စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီဥက္ကဌ၊ ပြည်ထောင်စု၀န်ကြီး ဒေါက်တာ မြတ်မြတ်အုန်းခင်သည် ဇူလိုင်လ (၂၇) ရက်နေ့ ၊ နေ့လည် (၁) နာရီအချိန်တွင် နေပြည်တော် အမရာဟိုတယ်၌ သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်း လူငယ် များအတွက် အမျိုးသားအဆင့် မဟာဗျူဟာ (မူကြမ်း) ရေးဆွဲရေး အသိပေးခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားခြင်း
သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်း လူငယ်များအတွက် အမျိုးသားအဆင့် မဟာဗျူဟာ (မူကြမ်း) ရေးဆွဲရေး အသိပေးခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ (Consultation Workshop on developing the National DRR Youth Volunteer Programme Strategy-Draft) ဖွင့်ပွဲ အခမ်းအနားကို ဇူလိုင်လ (၂၇) ရက်၊ နေ့လည် (၁)နာရီအချိန်တွင် နေပြည်တော် အမရာဟိုတယ်၌ ကျင်းပပြုလုပ်ရာ အမျိုးသား သဘာဝဘေးကာကွယ်စောင့်ရှောက်ရေး စီမံခန့်ခွဲမှုလုပ်ငန်း ကော်မတီဥက္ကဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင်က အမှာစကားပြောကြားရာတွင် … Read more
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှု ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာလုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင်သည် တာဝန်ရှိသူများလိုက်ပါလျက် ဇူလိုင်လ (၂၅) ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ထပ်မံပေးပို့သော အသက် (၁၀၀) နှစ်နှင့်အထက် သက်ကြီးဝါကြီးများကို ဂုဏ်ပြုလွှာနှင့် ချီးမြှင့်ငွေများပေးအပ်ခြင်း၊ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများဆောင်ရွက်နေသော စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများအား ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် ထောက်ပံ့ငွေပေးအပ်ပွဲနှင့် ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး အဖွင့်အမှာစကားပြောကြားခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှု ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင်သည် တာဝန်ရှိသူများလိုက်ပါလျက် ဇူလိုင်လ (၂၅) ရက် နေ့တွင် စစ်ကိုင်းမြို့၊ ပါရမီရပ်ကွက်၊ အနှစ် (၇၀၀) ပြည့် အထိမ်းအမှတ်ပွဲတော်အကြို ပြခန်းများဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ ပြခန်းများ ကို လှည့်လည်ကြည့်ရှုအားပေးပါသည်။ ဆက်လက်၍ မြို့တော်ခန်းမ၌ကျင်းပသော စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ထပ်မံပေးပို့သော အသက် (၁၀၀) နှစ်နှင့်အထက် သက်ကြီးဝါကြီးများကို ဂုဏ်ပြုလွှာနှင့် ချီးမြှင့်ငွေများပေးအပ်ခြင်း၊ လူမှုကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းများဆောင်ရွက်နေသော စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ အား ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် … Read more
-
အမျိုးသားသဘာဝဘေးစီမံခန့်ခွဲမှုလုပ်ငန်းကော်မတီဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင်သည် ဇူလိုင်လ(၁၂)ရက်နေ့တွင် ရခိုင်ပြည်နယ်အတွင်း ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ငွေပေးအပ်ခြင်း
ဇူလိုင်လ(၁၂)ရက်နေ့၊ နံနက်(၀၈:၃၀)နာရီတွင် အမျိုးသားသဘာဝဘေး စီမံခန့်ခွဲမှု လုပ်ငန်းကော်မတီဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင်သည် စစ်တွေမြို့၊ ဦးဥတ္တမခန်းမ၌ ကျင်းပသော ရခိုင်ပြည်နယ်အတွင်း ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ငွေပေးအပ်ပွဲ၊ စစ်တွေခရိုင်၊ မြောက်ဦးခရိုင်၊ မောင်တောခရိုင်၊ ကျောက်ဖြူခရိုင်နှင့် သံတွဲခရိုင်အတွင်းရှိ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများသို့ ၂၀၁၅-၂၀၁၆ခု၊ ဘဏ္ဍာရေးနှစ်ထောက်ပံ့ငွေများ ပေးအပ်ခြင်းနှင့် လူမှုစောင့်ရှောက်ရေးနှင့် သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ်များ မွမ်းမံသင်တန်းအမှတ်စဉ် (၁၂/၂၀၁၅) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ကာ အမှာစကားပြောကြားပါသည်။ ထို့နောက် ရခိုင်ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး ဦးကိုကိုနိုင်က နှုတ်ခွန်းဆက်စကားပြောကြားပါသည်။ အစီအစဉ်အရ … Read more
-
လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာလုပ်ငန်းကော်မတီဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင်သည် ဇူလိုင်လ(၁၁)ရက်နေ့တွင် စစ်တွေအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းနှင့် စစ်တွေကလေးပြုစုရေးဌာနများ ဖွင့်လှစ်ခြင်း
ရခိုင်ပြည်နယ် စစ်တွေမြို့၊ စစ်တွေအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း ဖွင့်ပွဲအခမ်းအနားအား ဇူလိုင်လ(၁၁)ရက်နေ့ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာလုပ်ငန်းကော်မတီဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင်၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်/ခရိုင်/မြို့နယ်များမှ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့မိမြို့ဖများ၊ လူမှုရေး အသင်းအဖွဲ့များ တက်ရောက်ကြပါသည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများက အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်ကျောင်းကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကမ္ဗည်းမော်ကွန်းအား နံ့သာရည်များဖြင့် ပက်ဖျန်းကာ အဆောက်အဦကို လှည့်လည်ကြည့်ရှု၍ သင်တန်းတက်ရောက်နေသော သင်တန်းသူများအား အိမ်တွင်းမှုလုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်သည်များမှာကြားပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် … Read more
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာမြတ်မြတ်အုန်းခင်သည် ဇူလိုင်လ (၅) ရက်နေ့တွင် ဧရာဝတီတိုင်းဒသကြီး၊ ဖျာပုံမြို့နယ်အတွင်း လူမှုစီးပွားဘဝမြင့်မားရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာမြတ်မြတ်အုန်းခင်သည် ဇူလိုင်လ (၅) ရက်နေ့တွင် ဖျာပုံမြို့၊ (၁၈) ရပ်ကွက်၊ ကန်တော်မင်္ဂလာဘိုးဘွားရိပ်သာ၌ အလှူရှင်ပြည်သူမှ လှူဒါန်းသော သုခဆောင်ပန္နက်တော်တင်မင်္ဂလာအခမ်းအနားသို့ တက်ရောက်ပြီး ဘိုးဘွားများအား လူမှုကာကွယ်စောင့်ရှောက်ရေးထောက်ပံ့ငွေလှူဒါန်းပါသည်။ ထို့နောက် တိုက်သစ်ဘုန်းတော်ကြီးကျောင်း၌ ယဉ်ကျေးလိမ္မာသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး ကျောင်းသား/ကျောင်းသူများကို ဆုံးမသြဝါဒစကားပြောကြားကာ ဆုရရှိသူများအား ဆုချီးမြှင့်ပေးပါသည်။ မွန်းလွဲပိုင်းတွင် အောက်ကွင်းကြီးကျေးရွာသို့ ကွင်းဆင်း၍ ဝန်ကြီးဌာနမှ လှူဒါန်းထားသော ရွှေမန်းကွန်ကရစ်လမ်းနှင့် အ.မ.ကကျောင်းရှေ့ ကွန်ကရစ်လမ်းများဖွင့်ပွဲအခမ်းအနားတက်ရောက်၍ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ မိသားစုသုံးပစ္စည်းများထောက်ပံ့ပေးပါသည်။ ဇူလိုင်လ (၆) ရက်နေ့တွင် ထန်းပင်ကျောင်းပရိယတ္တိစာသင်တိုက်ကြီး၏ ဦးစီးပဓာနဆရာတော် … Read more
