အမျိုးသားသဘာဝဘေးကာကွယ်စောင့်ရှောက်ရေး ဗဟိုကော်မတီ၏ ဦးဆောင်မှုဖြင့် အမျိုးသားသဘာဝဘေး ကာကွယ်စောင့်ရှောက်ရေး စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ၊ ဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင်သည် တာဝန်ရှိသူများလိုက်ပါလျက် သြဂုတ်လ (၃) ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်နှင့် စေတုတ္တရာမြို့နယ်သို့ ရောက်ရှိပြီး ကျောင်းတော်ရာဘုရား ကယ်ဆယ်ရေးစခန်း၌ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဘုန်းမော်ရွှေ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်စိုးထွဋ်တို့နှင့်တွေ့ဆုံ၍ ရေဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ထောက်ပံ့ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးမှုသတင်း

 

အမျိုးသားသဘာဝဘေးကာကွယ်စောင့်ရှောက်ရေး ဗဟိုကော်မတီ၏ ဦးဆောင်မှုဖြင့် အမျိုးသား သဘာဝဘေး ကာကွယ်စောင့်ရှောက်ရေး စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ၊ ဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင်သည် တာဝန်ရှိသူများ လိုက်ပါ လျက် သြဂုတ်လ (၃) ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်သို့ ရောက်ရှိပြီး ကျောင်းတော်ရာဘုရား ကယ်ဆယ်ရေးစခန်း၌ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဘုန်းမော်ရွှေ၊ အလယ်ပိုင်းတိုင်းစစ်ဌာန ချုပ်တိုင်းမှူး ဗိုလ်ချုပ်စိုးထွဋ်တို့နှင့်တွေ့ဆုံ၍ ရေဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ထောက်ပံ့ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပါသည်။ ထို့နောက် ဝန်ကြီးဌာန အနေဖြင့် ပွင့်ဖြူမြို့နယ် ရေဘေးသင့်ပြည်သူများအတွက် အထွေထွေ အသုံးစရိတ် သိန်း (၁၀၀၀) ကျပ်နှင့် အိမ်ထောင်စု (၄၁၀၀) အတွက် (၄၀၀) သိန်းခန့်တန်ဖိုးရှိသော ကယ်ဆယ်ရေးပစ္စည်း (၅) မျိုးဖြစ်သည့် ကျားလုံချည်၊ မလုံချည်၊ မျက်နှာသုတ်ပဝါ၊ တီရှပ်နှင့် ဆပ်ပြာအစုံ (၄၁၀၀)၊ စောင် (၁၅၀) ထည်နှင့် ခြင်ထောင် (၁၅၀) တို့ကို တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ပေးအပ်ပါသည်။ ဆက်လက်၍ ရေဘေးသင့်ပြည်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ ဆုံပြီး အားပေးစကားပြောကြားကာ အဝတ်အထည်များနှင့် ဆေးဝါးများ ထောက်ပံ့ပေးပါသည်။ ၄င်းနောက် တပ်မတော်ဝါစိုက်ပျိုးရေးတပ်၊ မူလတန်းလွန်ကျောင်း ကယ်ဆယ်ရေးစခန်းနှင့် စက်မှုလယ်ယာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး၊ ကယ်ဆယ်ရေးစခန်းများသို့ သွားရောက်ပြီး ရေဘေးသင့်ပြည်သူများကို အားပေးစကား ပြောကြားကာ အဝတ်အထည်များနှင့် ဆေးဝါးများထောက်ပံ့ပေးပါသည်။ သြဂုတ်လ (၄) ရက်နေ့တွင် ပြည်ထောင်စုဝန်ကြီးသည် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် စိုးထွဋ်တို့နှင့်အတူ မကွေးမြို့လေဆိပ်မှ စေတုတ္တရာမြို့သို့ ရဟတ်ယာဉ်ဖြင့် ထွက်ခွာပြီး ရေးဘေးသင့်မှု အခြေ အနေကို ရဟတ်ယာဉ်ပေါ်မှ ကြည့်ရှု့ပါသည်။ ဆက်လက်၍ မြို့နယ်ပြည်သူ့ဆေးရုံ၌ တိုင်းမှူးနှင့် ကျန်းမာရေး ၀န်ကြီးဌာနမှ အရာရှိကြီးများနှင့် တွေ့ဆုံ၍ ရေဘေးသင့်ပြည်သူ့များအတွက် ကယ်ဆယ်ထောက်ပံ့ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး စေတုတ္တရာမြို့နယ် ရေဘေးသင့် ပြည်သူများအတွက် ၀န်ကြီးဌာနအနေဖြင့် (၁၀၀) သိန်းခန့် တန်ဖိုးရှိသော ကယ်ဆယ်ရေးပစ္စည်း (၅) မျိုး ဖြစ်သည့် ကျားလုံချည်၊ မလုံချည်၊ မျက်နှာသုတ်ပဝါ၊တီရှပ်နှင့်ဆပ်ပြာ အစုံ (၈၀၀)၊ စောင် (၂၀၀) ထည်နှင့် ခြင်ထောင် (၂၀၀) တို့ကို သက်ဆိုင်သူများထံ ပေးအပ်ပါသည်။ ထို့နောက် ဆေးရုံအတွင်း လှည့်လည်ကြည်ရှု၍ လူနာများကို အားပေးစကားပြောကြားကာ ကျန်းမာရေး၀န်ထမ်းများအတွက် ထောက်ပံ့ငွေပေးအပ်ပါသည်။ ၎င်းနောက် ညောင်အိုင်ကျေးရွာ၊ မုန်းချောင်တံတားဦးဘုရား ကယ်ဆယ်ရေးစခန်းသို့ရောက်ရှိ၍ အရပ်ဖက်လူ အဖွဲ့အစည်းများ စုပေါင်းအဖွဲ့နှင့်တွေ့ဆုံပြီး လိုအပ်သည်များ ပေါင်းစပ်ပေးပြီး စေတုတ္တရာမြို့အတွင်း မော်တော် ယာဉ်ဖြင့် လှည့်လည်ကြည့်ရှု့ခဲ့ကြောင်း သိရှိရပါသည်။

 

Sign Up

Upcoming Events