လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ လူမှုကာကွယ် စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီဥက္ကဌ၊ ပြည်ထောင်စု၀န်ကြီး ဒေါက်တာ မြတ်မြတ်အုန်းခင်သည် ဇူလိုင်လ (၂၇) ရက်နေ့ ၊ နေ့လည် (၁) နာရီအချိန်တွင် နေပြည်တော် အမရာဟိုတယ်၌ သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်း လူငယ် များအတွက် အမျိုးသားအဆင့် မဟာဗျူဟာ (မူကြမ်း) ရေးဆွဲရေး အသိပေးခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားခြင်း

သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်း လူငယ်များအတွက် အမျိုးသားအဆင့် မဟာဗျူဟာ (မူကြမ်း) ရေးဆွဲရေး အသိပေးခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ (Consultation Workshop on developing the National DRR Youth Volunteer Programme Strategy-Draft) ဖွင့်ပွဲ အခမ်းအနားကို ဇူလိုင်လ (၂၇) ရက်၊ နေ့လည် (၁)နာရီအချိန်တွင် နေပြည်တော် အမရာဟိုတယ်၌ ကျင်းပပြုလုပ်ရာ အမျိုးသား သဘာဝဘေးကာကွယ်စောင့်ရှောက်ရေး စီမံခန့်ခွဲမှုလုပ်ငန်း ကော်မတီဥက္ကဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင်က အမှာစကားပြောကြားရာတွင် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များမှာ လူရွယ်များအားလုံးပါဝင် ဆောင်ရွက်ခွင့် ရရှိအောင် ရပ်ကွက်၊ ကျေးရွာအခြေပြုနည်းလမ်းနဲ့ လူမှုစောင့်ရှောက်ရေးလူငယ်များနှင့် သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ်များ စီမံကိန်းတို့ကို ၂၀၁၄ခုနှစ်၊ မေလမှစတင်ပြီး သင်ထောက်ကူ ပစ္စည်းများအပါအဝင် နေ့တွက်စရိတ်၊ ခရီးစရိတ်များကို ဝန်ကြီးဌာနဘတ်ဂျက်ဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယနေ့ အချိန်အထိ နည်းပြသင်တန်းများ ဆင့်ပွားသင်တန်းများနှင့် မွမ်းမံသင်တန်းများကို နေပြည်တော်ကောင်စီအပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီးအားလုံးမှာ ရှိတဲ့ ကျေးရွာစုစုပေါင်း (၁၀၀၀) ကျော်မှ လူငယ်မောင်မယ်စုစုပေါင်း (၁၀၀၀၀) ဦးကျော်ကို သင်ကြားပို့ချခဲ့ပြီးဖြစ်ပါကြောင်း၊ ထူးချွန်ကြိုးစားတဲ့ လူငယ်များကို ရွေးချယ်ပြီး ဂျပန်နိုင်ငံ၊ ကိုရီးယားနိုင်ငံ၊ ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံများသို့ လေ့လာရေးခရီးစဉ်များကိုလည်း စေလွှတ်ပေးလျက်ရှိပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့မှာ “သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကျောင်း” ကို (၂၀၁၃-၂၀၁၄) ဘဏ္ဍာရေးနှစ်မှစတင်ကာ နိုင်ငံတော်မှ ကုန်ကျစရိတ်ငွေဘတ်ဂျက် ကျပ်သန်းပေါင်း (၁၁၇၇.၃၄) သန်း အကုန်အကျခံကာ တည်ဆောက်လျက်ရှိပြီး ယခုဆိုလျှင် (၉၀%)ကျော်ခန့် တည်ဆောက်ပြီးစီးပြီဖြစ်တာကြောင့် လာမည့် စက်တင်ဘာလအတွင်းမှာ စတင်ဖွင့်လှစ်ရန် စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ တက်ရောက်လာကြသူများအနေနဲ့ သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်များအတွက် အမျိုးသားအဆင့် မဟာဗျူဟာ (မူကြမ်း) ရေးဆွဲနိုင်ရေးအတွက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ ဝိုင်းဝန်းဆွေးနွေးပေးကြပါလို့ တိုက်တွန်းလိုပါကြောင်း စသည်ဖြင့်ပြောကြားပါသည်။ ထို့နောက် United Nation Volunteer မှ Country Manager ဖြစ်သူ Mr.Juan Miguel Sanchez Maril က အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းခဲ့ကြောင်း သိရှိရပါသည်။

 

Sign Up

Upcoming Events