မြန်မာနိုင်ငံအတွင်းဖြစ်ပွားလျက်ရှိသော ရေဘေးသင့်ပြည်သူများအတွက် အလှူငွေနှင့် ပစ္စည်း များကိုနေပြည်တော်ရှိ လူမှု၀န်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီး ဌာနနှင့်ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူး ရုံးများသို့လာရောက်လှူဒါန်းလျှက်ရှိရာ (၄-၈-၂၀၁၅)နေ့တွင် နေပြည်တော်အလှူခံဌာန၌ အလှူ ငွေကျပ် (၅၄,၈၀,၀၀၀ိ/-)နှင့် အ၀တ်အထည်မျိုးစုံ (၂) ထုပ်ကို အမျိုးသားသဘာ၀ဘေးကာကွယ် စောင့်ရှောက်ရေးဗဟိုကော်မတီ၊ အတွင်းရေးမှူး၊ လူမှု၀န်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေး၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီးဦးဘုန်းဆွေ၊ အမျိုးသားသဘာ၀ ဘေးကာကွယ်စောင့်ရှောက် ရေးစီမံခန့်ခွဲမှုလုပ်ငန်း ကော်မတီအတွင်းရေးမှူး၊ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး၀န်ကြီးဌာန၊ အမြဲတမ်းအတွင်း၀န်တာ၀န်ခံ ညွှန်ကြားရေးမှူးချုပ်၊ဦးစိုးအောင်၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဦးအောင်ခိုင်တို့က လက်ခံရယူကာကျေးဇူးတင် စကားများ ပြန်လည်ပြောကြားပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ပါသည်။
အလားတူ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးတွင်လည်း စေတနာရှင်ပြည်သူများမှ (၄-၈-၂၀၁၅) ရက်နေ့တွင် အလှူငွေကျပ် (၂၀၉,၁၅,၂၅၀ိ/-) နှင့် အလှူပစ္စည်းမျိုးစုံတို့ကို လက်ခံရရှိပါသည်။
ထို့အတူ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး ဦးစီးမှူးရုံးတွင်လည်း စေတနာရှင်ပြည်သူများမှ (၄-၈-၂၀၁၅)ရက်နေ့တွင် အလှူငွေကျပ် (၉,၂၀,၀၀၀ိ/-)နှင့် အလှူပစ္စည်းမျိုးစုံတို့ကိုလက်ခံရရှိထားရာ ယနေ့အထိ အလှူရရှိငွေစုစုပေါင်း မှာ ကျပ် (၃၇၆,၀၀,၂၅၀ိ/-) ဖြစ်ပါသည်။ လှူဒါန်းငွေများနှင့် အလှူပစ္စည်းများကို ရေဘေးသင့် ပြည်သူများလက်၀ယ် အမြန်ဆုံးရောက်ရှိရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။
ရေဘေးသင့် ပြည်သူများအတွက် စေတနာရှင် ပြည်သူများထံမှ (၄-၈-၂၀၁၅) ရက်နေ့အထိ လှူဒါန်းသည့် အလှူငွေရရှိမှုစာရင်းကို အောက်ပါဇယားတွင်လေ့လာနိုင်သည်-