လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြည်လည်နေရာချထားရေးဝန်ကြီးဌာနမှ မြန်မာနိုင်ငံအတွင်း ဖြစ်ပွားလျက်ရှိသော ရေဘေးသင့်ပြည်သူများအတွက် စေတနာရှင် ပြည်သူများထံမှ အလှူငွေနှင့် ပစ္စည်းများ လာရောက်လှူဒါန်းမှုကို လက်ခံရရှိမှုသတင်း။

မြန်မာနိုင်ငံအတွင်းဖြစ်ပွားလျက်ရှိသော ရေဘေးသင့်ပြည်သူများအတွက် အလှူငွေ နှင့် ပစ္စည်းများကို နေပြည်တော်ရှိ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေး၀န်ကြီးဌာနနှင့် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ တိုင်းဒေသကြီး /ပြည်နယ်ဦးစီးမှူးရုံးများသို့ လာရောက်လှူဒါန်းလျှက်ရှိရာ (၃-၈-၂၀၁၅) နေ့တွင် နေပြည် တော်အလှူခံဌာန၌ အလှူငွေကျပ် (၇၆,၀၀,၀၀၀/-) နှင့် အ၀တ်အထည်မျိုးစုံ (၂) ထုပ်ကို အမျိုးသားသဘာ၀ဘေးကာကွယ် စောင့်ရှောက်ရေးဗဟိုကော်မတီ၊ အတွင်းရေးမှူး၊ လူမှု ၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဦးဘုန်းဆွေနှင့် အမျိုးသားသဘာ၀ ဘေးကာကွယ်စောင့်ရှောက်ရေး စီမံခန့်ခွဲမှုလုပ်ငန်းကော် မတီအတွင်းရေးမှူး၊ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီး ဌာန၊ အမြဲတမ်းအတွင်း၀န် တာ၀န်ခံ ညွှန်ကြားရေးမှူးချုပ်၊ ဦးစိုးအောင်တို့က လက်ခံရယူ ကာ ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေး အပ်ခဲ့ပါသည်။

အလားတူ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရန်ကုန်တိုင်း ဒေသကြီးဦးစီးမှူးရုံးတွင်လည်း (၂၉-၇-၂၀၁၅) ရက်နေ့မှ (၂-၈-၂၀၁၅) ရက်နေ့အထိ စေတနာရှင်ပြည်သူများမှ အလှူငွေကျပ် (၂၆,၈၅,၀၀၀/-) နှင့် အလှူပစ္စည်းမျိုးစုံတို့ကို လက်ခံရရှိထားရာ လှူဒါန်းငွေများနှင့် အလှူပစ္စည်းများကို ရေဘေးသင့်ပြည်သူများ လက်၀ယ်အမြန်ဆုံးရောက်ရှိရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

ရေဘေးသင့် ပြည်သူများအတွက် စေတနာရှင် ပြည်သူများထံမှ လှူဒါန်းငွေ စာရင်းများကို အောက်ပါဇယားတွင် လေ့လာနိုင်သည်-

Donation

Sign Up

Upcoming Events