၂၀၁၅ ခုနှစ် ဇွန်လ (၂၄) ရက်နေ့မှစ၍ ရခိုင်ပြည်နယ်အတွင်း မိုးသည်း ထန်စွာရွာသွန်းမှုကြောင့် ဘူးသီးတောင်၊ မောင်တော၊ အမ်း၊ သံတွဲ၊ကျောက်တော်၊ ဂွ၊ တောင်ကုတ်မြို့နယ်များတွင် ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ရာ နေအိမ် (၃၈၄) လုံး ရေမျောပါဆုံးရှုံးပြီး နေအိမ် (၁၈၆၇) လုံး ရေ၀င်ပျက်စီးခြင်းကြောင့် လူဦးရေ စုစုပေါင်း (၁၃၅၄၂) ဦး ဘေးဒုက္ခကြုံတွေ့ခဲ့ပြီး၊ လူ (၆) ဦး သေဆုံးခဲ့ပါသည်။ အဆိုပါ ရေဘေးသင့်ပြည်သူများအတွက် လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာနမှ ဆန်ရိက္ခာဖိုး (၂၈၃၅၀၀၀/-)၊ အိမ်ဆောက်ပစ္စည်းဖိုး(၄၀၃၀၀၀၀၀/-)၊ သေဆုံးသူထောက်ပံ့ငွေ (၆၀၀၀၀၀/-)၊ တန်ဖိုးငွေ (၂၈၃၅၈၄၀/-)ရှိ ခေါက်ဆွဲနှင့်ကြက်ဥများ၊ တန်ဖိုးငွေ(၁၃၆၆၉၆၁၄/-) ရှိ ကယ်ဆယ်ရေးပစ္စည်းများထောက်ပံ့ခဲ့ရာ ငွေသားနှင့် ပစ္စည်းထောက်ပံ့မှု စုစု ပေါင်းမှာ (၆၀၂၄၀၄၅၄/-) (ကျပ်ခြောက်ရာ့နှစ်သိန်းလေးသောင်းလေးရာ ငါးဆယ့်လေးတိတိ) ဖြစ်ပါသည်။
၂၀၁၅ခုနှစ် ဇွန်လ (၂၅) ရက်နေ့မှစ၍ တနင်္သာရီတိုင်းဒေသကြီးအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ထား၀ယ်မြို့နယ်ရှိ နေအိမ် (၅၆) လုံးသို့ ရေ၀င် ရောက်ပြီး လူဦးရေစုစုပေါင်း(၂၆၄)ဦးအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ပါသည်။ အဆိုပါ ဘေးသင့်ပြည်သူများအတွက် လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး၀န်ကြီးဌာနမှ ဆန်ရိက္ခာဖိုး (၁၇၄၆၀၀/-) နှင့် တန်ဖိုးငွေ (၄၅၅၂၈၀/-) ရှိ ကယ်ဆယ်ရေးပစ္စည်းများထောက်ပံ့ခဲ့ရာ ငွေသားနှင့် ပစ္စည်း ထောက်ပံ့မှုစုစုပေါင်းမှာ (၆၂၉၈၈၀/-) (ကျပ်ခြောက်သိန်းနှစ်သောင်းကိုးထောင် ရှစ်ရာ့ရှစ်ဆယ်တိတိ) ဖြစ်ပါသည်။
၂၀၁၅ခုနှစ် ဇွန်လ (၂၆) ရက်နေ့မှစ၍ ကရင်ပြည်နယ်အတွင်း မိုးသည်း ထန်စွာရွာသွန်းမှုကြောင့် လှိုင်းဘွဲ့မြို့နယ်ရှိ နေအိမ် (၇၂) လုံးသို့ ရေ၀င်ရောက်ပြီး လူဦးရေစုစုပေါင်း(၃၈၉) ဦးအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ပါသည်။ အဆိုပါ ဘေးသင့်ပြည်သူများအတွက် လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး၀န်ကြီးဌာနမှ တန်ဖိုးငွေ (၉၅၆၉၄၀/-) (ကျပ်ကိုးသိန်းငါးသောင်း ခြောက်ထောင် ကိုးရာ့လေးဆယ်တိတိ)ရှိ ခေါက်ဆွဲနှင့် ကြက်ဥများ ထောက်ပံ့ခဲ့ ပါသည်။
၂၀၁၅ခုနှစ်၊ ဇွန်လ (၂၆) ရက်နေ့မှစ၍ ပဲခူးတိုင်းဒေသကြီးအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပန်းတောင်းမြို့နယ်ရှိ နေအိမ် (၁၂) လုံး မျောပါဆုံးရှုံးခဲ့ပြီး နေအိမ် (၂) လုံး ရေ၀င်ပျက်စီးခဲ့ပါသည်။ အဆိုပါ ဘေးသင့် ပြည်သူများအတွက် လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနမှ တန်ဖိုးငွေ (၂၈၁၀၅၂/-) (ကျပ်နှစ်သိန်းရှစ်သောင်းတစ်ထောင်ငါး ဆယ့်နှစ်တိတိ) ရှိ ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ခဲ့ပါသည်။
၂၀၁၅ခုနှစ်၊ ဇွန်လ(၂၈)ရက်နေ့မှစ၍ ဧရာ၀တီတိုင်းဒေသကြီးအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ငပုတောမြို့နယ်ရှိ နေအိမ် (၄) လုံး မျောပါ ဆုံးရှုံးခဲ့ပြီး နေအိမ် (၁၄၉) လုံး ရေ၀င်ခဲ့ခြင်းကြောင့် လူဦးရေစုစုပေါင်း (၇၁၆) ဦး ဘေးဒုက္ခကြုံတွေ့ခဲ့ပြီး လူ (၁) ဦး သေဆုံးခဲ့ပါသည်။ အဆိုပါ ဘေးသင့်ပြည်သူ များအတွက် လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီး ဌာနမှ ဆန်ရိက္ခာဖိုးငွေ (၅၃၇၇၅၀/-) နှင့် တန်ဖိုးငွေ (၁၂၉၉၆၃၄-) ရှိ ကယ်ဆယ်ရေးပစ္စည်းများထောက်ပံ့ခဲ့ရာ ငွေသားနှင့် ပစ္စည်းထောက်ပံ့မှု စုစု ပေါင်းမှာ (၁၈၃၇၃၈၄/-) (ကျပ်တစ်ဆယ့်ရှစ်သိန်းသုံးသောင်း ခုနစ်ထောင်သုံး ရာရှစ်ဆယ့်လေးတိတိ) ဖြစ်ပါသည်။
၂၀၁၅ခုနှစ်၊ ဇူလိုင်လ (၁၆) ရက်နေ့မှစ၍ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မင်းကင်း၊ ကန့်ဘလူ၊ ကျွန်းလှ၊ ကနီ၊ ကောလင်း၊ ဘုတလင်၊ အင်းတော်၊ ရေဦး၊ မုံရွာ၊ ခင်ဦး၊ အရာတော်၊ ၀က်လက်မြို့နယ်များတွင် ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ရာ နေအိမ် (၃၅) လုံး ရေမျောပါဆုံးရှုံးခြင်း၊ နေအိမ် (၁၄၅၈၄) လုံး ရေ၀င်ရောက်ခြင်းများကြောင့် အိမ်ထောင်စု (၅၇၄၃) စု ပြောင်းရွှေ့ပြီး လူဦးရေစုစုပေါင်း (၉၁၄၄၁) ဦး ဘေးဒုက္ခကြုံတွေ့ခဲ့ကာ လူ (၇) ဦး သေဆုံးခဲ့ပါသည်။ အဆိုပါ ရေဘေးသင့် ပြည်သူများအတွက် လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေး၀န်ကြီးဌာနမှ ဆန်ရိက္ခာဖိုး(၁၈၃၅၉၅၀၀/-)၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၁၅၀၀၀၀/-)၊ သေဆုံးသူထောက်ပံ့ ငွေ (၆၀၀၀၀၀/-)နှင့် တန်ဖိုးငွေ (၈၈၇၃၂၈၈/-) ရှိ ကယ်ဆယ်ရေးပစ္စည်းများထောက်ပံ့ခဲ့ရာ ငွေသားနှင့် ပစ္စည်းထောက်ပံ့မှု စုစုပေါင်းမှာ (၂၈၉၈၂၇၈၈/-) (ကျပ်နှစ်ရာရှစ်ဆယ့်ကိုးသိန်း ရှစ်သောင်းနှစ်ထောင်ခုနှစ်ရာရှစ်ဆယ့်ရှစ်တိတိ) ဖြစ်ပါသည်။
ကချင်ပြည်နယ်အတွင်း ဇူလိုင်လ (၁၈) ရက်နေ့မှစ၍ မိုးသည်းထန်စွာရွာသွန်းမှု ကြောင့် မိုးကောင်း၊ ဖားကန့်၊ မိုးညှင်းမြို့နယ်များရှိ နေအိမ်များသို့ ရေ၀င်ရောက် မှုကြောင့် အိမ်ထောင်စု (၁၀၉၅) စုအား ဘေးလွတ်ရာသို့ပြောင်းရွှေ့ခဲ့ပြီး လူ (၁) ဦး သေဆုံးခဲ့ပါသည်။ အဆိုပါ ဘေးသင့်ပြည်သူများအတွက် လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာနမှ ဆန်ရိက္ခာဖိုး (၉၇၀၃၂၅၀/-)၊ ဟင်းဖိုး(၃၀၀၀၀၀၀/-)၊ သေဆုံးသူထောက်ပံ့ငွေ (၁၀၀၀၀၀/-) နှင့် တန်ဖိုးငွေ (၂၉၁၀၅၄၀/-)ရှိ ကယ်ဆယ်ရေး ပစ္စည်းများထောက်ပံ့ခဲ့ရာ ငွေသားနှင့်ပစ္စည်းထောက်ပံ့မှုစုစုပေါင်းမှာ (၁၅၇၁၃၇၉၀/-) (ကျပ်တစ်ရာငါး ဆယ့်ခုနစ်သိန်း တစ်သောင်းသုံးထောင်ခုနစ်ရာ့ကိုးဆယ်တိတိ) ဖြစ်ပါ သည်။
ရှမ်းပြည်နယ်အတွင်း ဇူလိုင်လ(၂၅)ရက်နေ့မှစ၍ မိုးသည်းထန်းစွာရွာသွန်း မှု ကြောင့် မဘိန်း၊ သီပေါ၊ မိုးမိတ်မြို့နယ်များရှိ နေအိမ်(၃)လုံးမျောပါပြီး နေအိမ် (၁၂၄၀) လုံး ရေ၀င်ရောက်မှုများ ဖြစ်ပွားခဲ့ပါသည်။ အဆိုပါဘေးအတွက် လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာနမှ တန်ဖိုးငွေ(၁၄၇၂၆၈၈/-) (ကျပ်တစ်ဆယ့်လေးသိန်းခုနစ်သောင်းနှစ်ထောင် ခြောက်ရာရှစ်ဆယ့်ရှစ်တိတိ) ရှိ ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ခဲ့ပါသည်။
မန္တလေးတိုင်းဒေသကြီးအတွင်း ဇူလိုင်လ (၂၄) ရက်နေ့မှစ၍ မိုးသည်းထန်စွာရွာ သွန်းမှုကြောင့် မိုးကုတ်နှင့်သပိတ်ကျင်းမြို့နယ်များရှိ နေအိမ်(၈၄)လုံး ရေမျော ပါခဲ့ပြီး နေအိမ် (၂၆) လုံး ရေ၀င်ရောက်ခဲ့ပါသည်။ အဆိုပါ ဘေးသင့်ပြည်သူ များအတွက် လူမှု၀န်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီး ဌာနမှ အိမ်ဆောက်ပစ္စည်းဖိုး (၂၈၅၀၀၀၀/-) နှင့် တန်ဖိုးငွေ (၁၂၅၇၇၆၂/-) ရှိ ကယ်ဆယ်ရေးပစ္စည်းများထောက်ပံ့ခဲ့ရာ ငွေသားနှင့် ပစ္စည်းထောက်ပံ့မှု စုစုပေါင်း မှာ(၄၁၀၇၇၆၂/-)(ကျပ်လေးဆယ့်တစ်သိန်းခုနစ်ထောင် ခုနစ်ရာခြောက်ဆယ့်နှစ် တိတိ) ဖြစ်ပါသည်။
၂၀၁၅ ခုနှစ်၊ ဇွန်လအတွင်း ရေဘေးသင့် တိုင်းဒေသကြီး/ ပြည်နယ် (၅) ခု အတွက် ထောက်ပံ့မှုစုစုပေါင်းမှာ (၆၃၉၄၅၇၁၀/-) (ကျပ်ခြောက်ရာသုံးဆယ့်ကိုး သိန်းလေးသောင်းငါးထောင့်ခုနစ်ရာ့တစ်ဆယ်တိတိ) နှင့် ဇူလိုင်လအတွင်း ရေဘေးသင့်တိုင်းဒေသကြီး/ပြည်နယ် (၄) ခုအတွက် ထောက်ပံ့မှု စုစုပေါင်းမှာ (၅၀၂၇၇၀၂၈/-) (ကျပ်ငါးရာ့နှစ်သိန်းခုနစ်သောင်းခုနစ်ထောင်နှစ်ဆယ့်ရှစ် တိတိ)ဖြစ်သဖြင့် စုစုပေါင်းထောက်ပံ့မှုမှာ(၁၁၄၂၂၂၇၃၈/-) (ကျပ်တစ်ထောင် တစ်ရာ လေးဆယ့်နှစ်သိန်းနှစ်သောင်းနှစ်ထောင်ခုနစ်ရာသုံးဆယ့်ရှစ်တိတိ) ဖြစ် ပါသည်။ အထက်ဖော်ပြပါ ရေဘေးသင့်ပြည်သူများအတွက် အရေးပေါ် ထောက်ပံ့မှုများကို ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးရုံးများမှ သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များ၏ အနီးကပ်လမ်းညွှန်မှုအရ ဆောင်ရွက်လျက်ရှိပြီး ပြည်သူလူထုအနေဖြင့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားအစီအစဉ်များ၊ ရေဒီယိုအစီ အစဉ်များမှ ထုတ်လွှင့်လျက်ရှိသည့် ရေဘေး၊ လေဘေးများနှင့်ပတ်သက်သည့် ဆောင်ရန်/ ရှောင်ရန်/ လိုက်နာရန် အချက်များကို အထူးဂရုပြုလိုက်နာဆောင် ရွက်ပေးကြပါရန် အကြံပြုအပ်ပါသည်။ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး၀န်ကြီးဌာနသည် အမျိုးသားသဘာ၀ဘေးကာ ကွယ်စောင့်ရှောက်ရေးဗဟိုကော်မတီ၏လမ်းညွှန်မှု၊ အမျိုးသားသဘာ၀ဘေး ကာကွယ်စောင့်ရှောက်ရေးစီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ၏ အနီးကပ်ကြီးကြပ် မှုများဖြင့် သဘာ၀ဘေးအန္တရာယ်ကြောင့် ထိခိုက်ခံစားရသည့်ပြည်သူများကို အချိန်နှင့်တစ်ပြေးညီ ထောက်ပံ့လျက်ရှိပြီး လိုအပ်သလိုဆက်လက်ထောက်ပံ့ နိုင်ရေးစီမံဆောင်ရွက်လျက် ရှိပါကြောင်း ဖော်ပြအပ်ပါသည်။