Author Archives: RRD

  • (၁၅) ကြိမ်မြောက် အာဆီယံဒေသတွင်းဖိုရမ်၊ သဘာ၀ဘေးကယ်ဆယ်ရေးဆိုင်ရာအစည်းအဝေးကျင်းပပြုလုပ်မှုသတင်း

    (၁၅)ကြိမ်မြောက်အာဆီယံဒေသတွင်းဖိုရမ်၏ သဘာ၀ဘေးကယ်ဆယ်ရေးဆိုင်ရာ အစည်းအဝေးဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ (၂၅)ရက်နေ့၊ နံနက်(၉း၃၀)အချိန်တွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ကျင်းပပြုလုပ်ရာ အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီဥက္ကဌ၊ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး၊ ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင်၊ ဒုတိယဝန်ကြီးများ၊ ပူးတွဲဥက္ကဌများဖြစ်ကြသော တရုတ်နိုင်ငံနှင့် ဂျပန်နိုင်ငံမှ ကိုယ်စားလှယ်များ၊ အာဆီယံဒေသတွင်းဖိုရမ်အဖွဲ့၀င် နိုင်ငံများမှ ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအသီးသီးမှ ကိုယ်စားလှယ်များ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာအစိုးရမဟုတ်သောအဖွဲ့အစည်းများနှင့် ဖွံ့ဖြိုးရေးမိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ စုစုပေါင်း (၁၅၀) ဦးခန့် တက်ရောက်ကြပါသည်။ အစီအစဉ်အရ ပြည်ထောင်စု၀န်ကြီးက အဖွင့်မိန့်ခွန်းပြောကြားရာတွင် အာဆီယံဒေသတွင်း ဖိုရမ်၏ အစည်းအဝေးကို အိမ်ရှင်အဖြစ် … Read more

  • မီးလောင်မှုသတင်းနှင့် ထောက်ပံ့မှုအခြေအနေသတင်း

    မကွေးတိုင်းဒေသကြီး၊ ဆောမြို့နယ်၊ သီကုန်းကျေးရွာတွင် (၂၁-၂-၂၀၁၆) ရက်နေ့ မြန်မာစံတော် ချိန် (၁၀း၄၅) နာရီအချိန်၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ အိမ်ခြေ (၁၀) လုံး ပျက်စီးဆုံးရှုံးခဲ့ပြီး ၊ အိမ်ထောင်စု (၁၀) စုမှ လူဦးရေစုစုပေါင်း (၄၇) ဦး ဘေးဒုက္ခကြုံတွေ့ခဲ့ပါသည်။ အဆိုပါ မီးဘေးကြောင့် ဆုံးရှုံးမှုတန်ဖိုး မှာ (၁၀၀၀၀၀၀/-) ခန့်ဖြစ်ပြီး၊ မီးဘေးသင့်ပြည်သူများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ တန်ဖိုးငွေ (၂၂၀,၆၆၀/-)ရှိ ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး (၁၀) အိမ်ထောင်စာအား (၂၃-၂-၂၀၁၆) … Read more

  • အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီသို့ မီးဘေးသင့်ပြည်သူများအတွက် အလှူငွေများ ပေးအပ်လှူဒါန်းမှုသတင်း

    ၁။မီးဘေးသင့်ပြည်သူများအတွက်စေတနာရှင်များကအလှူငွေနှင့် အလှူပစ္စည်းများကိုထောက်ပံ့ လှူဒါန်းလျှက်ရှိရာ (၂၄-၂-၂၀၁၆) ရက်နေ့တွင် နေပြည်တော် (ရုံးချုပ်) ၌ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး၀န်ကြီး ဌာန၊၀န်ထမ်းမိသားစုများမှ ငွေကျပ် (၂,၀၀၀,၀၀၀/-) ကို အမျိုးသားသဘာ၀ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၊ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၊ နေပြည်တော် (ရုံးချုပ်) သို့ လာရောက် လှူဒါန်းခဲ့ပါသည်။ ၂။     ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၌ ဦးသိန်းထိုက်+ဒေါ်မြင့်မြင့်သိန်းနှင့် သားမောင်ထူးရဲထိုက်၊ မြန်မာ-ဂျပန်မှငွေကျပ်(၂၀၀,၀၀၀/-)၊ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေးအသင်း၊ SEDA မှ ငွေကျပ် (၁,၁၀၀,၀၀၀/-)၊ ဦးစံတင်+ဒေါ်ရင်မေ(မိသားစု)မှ ငွေကျပ်(၂၀၀,၀၀၀/-)နှင့် … Read more

  • အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီသို့ မီးဘေးသင့်ပြည်သူများအတွက် အလှူငွေများ ပေးအပ်လှူဒါန်းမှုသတင်း

    ၁။        မီးဘေးသင်‌့ပြည်သူများအတွက်စေတနာရှင်များကအလှူငွေနှင့်အလှူပစ္စည်းများကိုထောက်ပံ့ လှူဒါန်းလျှက်ရှိရာ (၂၃-၂-၂၀၁၆)ရက်နေ့တွင် နေပြည်တော် (ရုံးချုပ်)၌ အလှူငွေလက်ခံရရှိမှုမရှိပါ။ ၂။      ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၌ ဗုဒ္ဓဘာသာကလျာဏာယု၀တီအသင်းမှ ငွေကျပ် (၁,၀၀၀,၀၀၀ိ/-)၊ ဒေါ်ခင်အေးကြည်(မိသားစု)မှငွေကျပ်(၅၀၀,၀၀၀ိ/-)၊ ဦးတင်လှ(မိသားစု) မှ ငွေကျပ် (၁၀,၀၀၀ိ/-)၊ ကချင်ပြည်နယ်ဦးစီးမှူးရုံး၌ ဦးညွှန့်အောင် (ဘဏ္ဍာရေး၀န်ကြီး)+ဒေါ်ခင်မေစိမ့် (မိသားစု)မှ ငွေကျပ်(၂၀၀,၀၀၀ိ/-)၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ လုပ်ငန်းလိုင်စင်နှင့် သယ်ယူပို့ဆောင်ရေးကြီးကြပ်ညှိနှိုင်းမှုဌာန၊ ကချင်ပြည်နယ်ရုံးနှင့် ယာဉ်အသင်းများမှငွေကျပ် (၉၀၀,၀၀၀ိ/-)၊ ပုဂ္ဂလိကပိုင်မော်တော်ယာဉ်လုပ်ငန်းယာဉ်များကြီးကြပ်ရေးကော်မတီ (မြစ်ကြီးနားမြို့)  မှ ငွေကျပ်(၅၀၀,၀၀၀ိ/-)၊ ပုဂ္ဂလိကပိုင်မော်တော်ယာဉ်လုပ်ငန်းယာဉ်များကြီးကြပ်ရေးကော်မတီ (တနိုင်း မြို့နယ်)မှငွေကျပ် (၃၀၀,၀၀၀ိ/-) (ကျပ်သုံးသိန်းတိတိ)၊ ပုဂ္ဂလိကပိုင်မော်တော်ယာယာဉ်လုပ်ငန်း ယာဉ်များ ကြီးကြပ်ရေးကော်မတီ(မိုးကောင်းမြို့နယ်)မှ … Read more

  • အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီသို့ မီးဘေးသင့်ပြည်သူများအတွက် အလှူငွေများ ပေးအပ်လှူဒါန်းမှုသတင်း

    ၁။ မီးဘေးသင့်ပြည်သူများအတွက်စေတနာရှင်များကအလှူငွေနှင့်အလှူပစ္စည်းများကိုထောက်ပံ့ လှူဒါန်းလျက်ရှိရာ (၂၂-၂-၂၀၁၆) ရက်နေ့တွင် နေပြည်တော် (ရုံးချုပ်) ၌ အလှူငွေလက်ခံရရှိမှုမရှိပါ။ ၂။ ဦးရှိန်၊ ဥက္ကဌ၊ ပျော်ရွှင်ကျန်းမာကူညီရေးအသင်း၊ ရန်ကုန်မြို့မှ (OA-011834) စာရင်းသို့ တိုက်ရိုက်ထည့်သွင်းလှူဒါန်းငွေကျပ်(၁,၅၀,၀၀၀/-)၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၌ BHI International Ltd ၀န်ထမ်းများ(မိသားစု)မှငွေကျပ်(၃၂၅,၀၀၀/-)၊ ES4E ပညာရေးမိသားစုများနှင့် ကျောင်းသား/သူများမှငွေကျပ်(၂,၀၀၀,၀၀၀/-)၊ ဦးမျိုးဆွေ+ဒေါ်အေးအေးကြိုင် (မိသားစု) မှ ငွေကျပ် (၁၅၀,၀၀၀/-)၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး၌ ယဉ်ကျေးမှု၀န်ကြီးဌာန၊ အနုပညာဦးစီးဌာနမှ ငွေကျပ်(၂,၀၇၄,၀၀၀/-)၊ မကွေး တိုင်းဒေသကြီးဦးစီးမှူးရုံး ၌ ရန်အောင်ရပ်၊ မိသားစု၊ လစဉ်သံဃာဒါန … Read more

  • အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီသို့ မီးဘေးသင့်ပြည်သူများအတွက် အလှူငွေများ ပေးအပ်လှူဒါန်းမှုသတင်း

    ၁။ မီးဘေးသင့်ပြည်သူများအတွက် စေတနာရှင်များက အလှူငွေနှင့် အလှူပစ္စည်းများကို ထောက်ပံ့လှူဒါန်းလျက်ရှိရာ (၁၉-၂-၂၀၁၆) ရက်နေ့တွင် နေပြည်တော် (ရုံးချုပ်) ၌ တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများက နမ့်ဆန်မြို့ မီးဘေးသင့်ပြည်သူများအတွက် ငွေကျပ် (၁၈,၀၀၀,၀၀၀)၊ လပွတ္တာမြို့ မီးဘေးသင့်ပြည်သူများအတွက် ငွေကျပ် (၁၂,၀၀၀,၀၀၀)၊ စုစုပေါင်းငွေကျပ် (၃၀,၀၀၀,၀၀၀) ကို လာရောက်လှူဒါန်းခဲ့ရာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ၊ ဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာမြတ်မြတ်အုန်းခင်က လက်ခံရယူကာ ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး ဂုဏ်ပြုမှတ်တမ်းလွှာ … Read more

  • တပ်မတော်(ကြည်း၊ရေ၊လေ)မိသားစုများမှ မီးဘေးသင့့်ပြည်သူများအတွက် အလှူငွေများပေးအပ်လှူဒါန်းမှုသတင်း

    မီးဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးအတွက် အလှူငွေပေးအပ်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ (၁၉) ရက်နေ့၊ မွန်းလွဲ(၂) နာရီအချိန်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ နေပြည်တော်၌ ကျင်းပပြုလုပ်ရာ နမ့်ဆန်မြို့မီးဘေးသင့်ပြည်သူများအတွက် (၁၈၀) သိန်းကျပ်နှင့် လပွတ္တာမြို့မီးဘေးသင့်ပြည်သူများအတွက် (၁၂၀) သိန်းကျပ် စုစုပေါင်း (၃၀၀) သိန်းကျပ်ကို တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများကိုယ်စား တွဲဖက်စစ်ရေးချုပ် ဗိုလ်ချုပ်နေလင်းက ပေးအပ်ရာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ၊ ဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင်က လက်ခံ၍ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

  • မီးဘေးသင့်အိမ်ထောင်စုများကို ထောက်ပံ့ပစ္စည်းများ ပေးအပ်မှုသတင်း

    မန္တလေးတိုင်းဒေသကြီး ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနသည် ဖေဖော်ဝါရီလ (၁၀) ရက်နေ့တွင် မီးလောင်မှုဖြစ်ပွားခဲ့သော မလှိုင်မြို့၊ အမှတ် (၂) ရပ်ကွက်၊ နယ်မြေ (၁၁) မှ မီးဘေးသင့်အိမ်ထောင်စု (၂) စုအတွက် အိမ်ထောင်စု (၁) စုလျှင် စောင်၊ လုံချည် (ကျား/မဝတ်)၊ တီရှပ်၊ မျက်နှာသုတ်ပုဝါ၊ ဒန်အိုး စသည့် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုးနှင့် အိမ်ဆောက်ပစ္စည်းဝယ်ယူရန်အတွက် ငွေကျပ် ၅၀၀၀၀ (ကျပ် ငါးသောင်းတိတိ) တို့ကို မီးဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events