မကွေးတိုင်းဒေသကြီး၊ ဆောမြို့နယ်၊ သီကုန်းကျေးရွာတွင် (၂၁-၂-၂၀၁၆) ရက်နေ့ မြန်မာစံတော် ချိန် (၁၀း၄၅) နာရီအချိန်၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ အိမ်ခြေ (၁၀) လုံး ပျက်စီးဆုံးရှုံးခဲ့ပြီး ၊ အိမ်ထောင်စု (၁၀) စုမှ လူဦးရေစုစုပေါင်း (၄၇) ဦး ဘေးဒုက္ခကြုံတွေ့ခဲ့ပါသည်။ အဆိုပါ မီးဘေးကြောင့် ဆုံးရှုံးမှုတန်ဖိုး မှာ (၁၀၀၀၀၀၀/-) ခန့်ဖြစ်ပြီး၊ မီးဘေးသင့်ပြည်သူများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ တန်ဖိုးငွေ (၂၂၀,၆၆၀/-)ရှိ ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး (၁၀) အိမ်ထောင်စာအား (၂၃-၂-၂၀၁၆) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း ကနဦးသတင်း ရရှိပါသည်။