အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီသို့ မီးဘေးသင့်ပြည်သူများအတွက် အလှူငွေများ ပေးအပ်လှူဒါန်းမှုသတင်း

၁။ မီးဘေးသင့်ပြည်သူများအတွက်စေတနာရှင်များကအလှူငွေနှင့်အလှူပစ္စည်းများကိုထောက်ပံ့ လှူဒါန်းလျက်ရှိရာ (၂၂-၂-၂၀၁၆) ရက်နေ့တွင် နေပြည်တော် (ရုံးချုပ်) ၌ အလှူငွေလက်ခံရရှိမှုမရှိပါ။

၂။ ဦးရှိန်၊ ဥက္ကဌ၊ ပျော်ရွှင်ကျန်းမာကူညီရေးအသင်း၊ ရန်ကုန်မြို့မှ (OA-011834) စာရင်းသို့ တိုက်ရိုက်ထည့်သွင်းလှူဒါန်းငွေကျပ်(၁,၅၀,၀၀၀/-)၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၌ BHI International Ltd ၀န်ထမ်းများ(မိသားစု)မှငွေကျပ်(၃၂၅,၀၀၀/-)၊ ES4E ပညာရေးမိသားစုများနှင့် ကျောင်းသား/သူများမှငွေကျပ်(၂,၀၀၀,၀၀၀/-)၊ ဦးမျိုးဆွေ+ဒေါ်အေးအေးကြိုင် (မိသားစု) မှ ငွေကျပ် (၁၅၀,၀၀၀/-)၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး၌ ယဉ်ကျေးမှု၀န်ကြီးဌာန၊ အနုပညာဦးစီးဌာနမှ ငွေကျပ်(၂,၀၇၄,၀၀၀/-)၊ မကွေး တိုင်းဒေသကြီးဦးစီးမှူးရုံး ၌ ရန်အောင်ရပ်၊ မိသားစု၊ လစဉ်သံဃာဒါန ဆွမ်းလောင်းအသင်းမှ ငွေကျပ်(၁၀၀,၀၀၀/-) လှူဒါန်းခဲ့ပါ သည်။

၃။ သို့ဖြစ်ပါ၍ (၂၂-၂-၂၀၁၆) ရက်နေ့ရရှိငွေမှာ ကျပ် (၄,၇၉၉,၀၀၀/-) ဖြစ်ပါသဖြင့် (၅-၂-၂၀၁၆) ရက်နေ့မှ(၂၂-၂-၂၀၁၆)ရက်နေ့အထိလှူဒါန်းရရှိငွေစုစုပေါင်းမှာကျပ်(၁၄၅,၀၃၉,၇၅၀/-)နှင့် အမေရိကန်ဒေါ်လာ (၃၀,၂၀၀) ဖြစ်ပါကြောင်း သတင်းရရှိပါသည်။

 

 

 

 

 

 

 

Sign Up

Upcoming Events