မန္တလေးတိုင်းဒေသကြီး ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနသည် ဖေဖော်ဝါရီလ (၁၀) ရက်နေ့တွင် မီးလောင်မှုဖြစ်ပွားခဲ့သော မလှိုင်မြို့၊ အမှတ် (၂) ရပ်ကွက်၊ နယ်မြေ (၁၁) မှ မီးဘေးသင့်အိမ်ထောင်စု (၂) စုအတွက် အိမ်ထောင်စု (၁) စုလျှင် စောင်၊ လုံချည် (ကျား/မဝတ်)၊ တီရှပ်၊ မျက်နှာသုတ်ပုဝါ၊ ဒန်အိုး စသည့် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုးနှင့် အိမ်ဆောက်ပစ္စည်းဝယ်ယူရန်အတွက် ငွေကျပ် ၅၀၀၀၀ (ကျပ် ငါးသောင်းတိတိ) တို့ကို မီးဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။