အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီသို့ မီးဘေးသင့်ပြည်သူများအတွက် အလှူငွေများ ပေးအပ်လှူဒါန်းမှုသတင်း

၁။ မီးဘေးသင့်ပြည်သူများအတွက် စေတနာရှင်များက အလှူငွေနှင့် အလှူပစ္စည်းများကို ထောက်ပံ့လှူဒါန်းလျက်ရှိရာ (၁၉-၂-၂၀၁၆) ရက်နေ့တွင် နေပြည်တော် (ရုံးချုပ်) ၌ တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများက နမ့်ဆန်မြို့ မီးဘေးသင့်ပြည်သူများအတွက် ငွေကျပ် (၁၈,၀၀၀,၀၀၀)၊ လပွတ္တာမြို့ မီးဘေးသင့်ပြည်သူများအတွက် ငွေကျပ် (၁၂,၀၀၀,၀၀၀)၊ စုစုပေါင်းငွေကျပ် (၃၀,၀၀၀,၀၀၀) ကို လာရောက်လှူဒါန်းခဲ့ရာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ၊ ဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာမြတ်မြတ်အုန်းခင်က လက်ခံရယူကာ ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ပါသည်။

၂။ အလှူရှင်များအသီသီးမှ (OA-011834) စာရင်းသို့ တိုက်ရိုက်လှူဒါန်းငွေကျပ် (၂,၉၆၆,၁၅၀) ကို လှူဒါန်းခဲ့ပါသည်။ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံး၌ ဒေါက်တာ ခင်သန်းရှင် (ဗိုလ်မှူး-ငြိမ်း) မိသားစုမှ ငွေကျပ် (၁၀၀,၀၀၀)၊ ဦးကျော်လင်း+ ဒေါ်သန်းသန်းဆွေနှင့် (သား) ကိုလင်းဆက်ပိုင် (မိသားစု) မှ ငွေကျပ် (၁၀၀,၀၀၀)၊ ဒေါက်တာမြင့်မြင့်အုန်းချိန် (မိသားစု) (ခေတ္တ UK) မှ ငွေကျပ် (၁၀၀,၀၀၀) တို့ကို လာရောက်လှူဒါန်းခဲ့ပါသည်။

၃။ သို့ဖြစ်၍ (၁၉-၂-၂၀၁၆) ရက်နေ့ရရှိငွေမှာ ကျပ် (၃၃,၂၆၆,၁၅၀) ဖြစ်ပါသဖြင့် (၅-၂-၂၀၁၆) ရက်နေ့မှ (၁၉-၂-၂၀၁၆) ရက်နေ့ထိ လှူဒါန်းရရှိငွေ စုစုပေါင်းမှာ ကျပ် (၁၄၀,၂၄၀,၇၅၀) နှင့် အမေရိကန်ဒေါ်လာ (၃၀၂၀၀) ဖြစ်ပါကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events