မီးဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးအတွက် အလှူငွေပေးအပ်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ (၁၉) ရက်နေ့၊ မွန်းလွဲ(၂) နာရီအချိန်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ နေပြည်တော်၌ ကျင်းပပြုလုပ်ရာ နမ့်ဆန်မြို့မီးဘေးသင့်ပြည်သူများအတွက် (၁၈၀) သိန်းကျပ်နှင့် လပွတ္တာမြို့မီးဘေးသင့်ပြည်သူများအတွက် (၁၂၀) သိန်းကျပ် စုစုပေါင်း (၃၀၀) သိန်းကျပ်ကို တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများကိုယ်စား တွဲဖက်စစ်ရေးချုပ် ဗိုလ်ချုပ်နေလင်းက ပေးအပ်ရာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ၊ ဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင်က လက်ခံ၍ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။