ဖေဖော်ဝါရီလ (၄) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့နှင့် ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့တို့မှ မီးဘေးသင့်ပြည်သူများအတွက် BHI international Ltd ဝန်ထမ်းများမိသားစုက အလှူငွေကျပ် (၃၂၅,၀၀၀)၊ E8 4E ပညာရေးမိသားစုနှင့် ကျောင်းသားကျောင်းသူများက အလှူငွေကျပ် (၂,၀၀၀,၀၀၀)၊ ဖိလစ်ပိုင်နိုင်ငံသံအမတ်ကြီးနှင့် သံရုံးမိသားစုက တီရှပ်အထည် (၁၂၀၀)၊ ပုဝါအထည် (၃၀၀) နှင့် စောင်အထည် (၂၀၀) တို့ကို ပေးအပ်လှူဒါန်းခဲ့ရာ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကြည်သာ က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများကို (၁၉-၂-၂၀၁၆) ရက်နေ့၊ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်အချိန်တွင် ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။