၁။မီးဘေးသင့်ပြည်သူများအတွက်စေတနာရှင်များကအလှူငွေနှင့် အလှူပစ္စည်းများကိုထောက်ပံ့ လှူဒါန်းလျှက်ရှိရာ (၂၄-၂-၂၀၁၆) ရက်နေ့တွင် နေပြည်တော် (ရုံးချုပ်) ၌ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး၀န်ကြီး ဌာန၊၀န်ထမ်းမိသားစုများမှ ငွေကျပ် (၂,၀၀၀,၀၀၀/-) ကို အမျိုးသားသဘာ၀ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၊ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၊ နေပြည်တော် (ရုံးချုပ်) သို့ လာရောက် လှူဒါန်းခဲ့ပါသည်။
၂။ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၌ ဦးသိန်းထိုက်+ဒေါ်မြင့်မြင့်သိန်းနှင့် သားမောင်ထူးရဲထိုက်၊ မြန်မာ-ဂျပန်မှငွေကျပ်(၂၀၀,၀၀၀/-)၊ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေးအသင်း၊ SEDA မှ ငွေကျပ် (၁,၁၀၀,၀၀၀/-)၊ ဦးစံတင်+ဒေါ်ရင်မေ(မိသားစု)မှ ငွေကျပ်(၂၀၀,၀၀၀/-)နှင့် ကရင်ပြည်နယ်ဦးစီး မှူးရုံး၌ ဦးညီညီ၀င်းမှ ငွေကျပ်(၅၀,၀၀၀/-)တို့ကိုလှူဒါန်းခဲ့ပါသည်။
၃။ သို့ဖြစ်ပါ၍(၂၄-၂-၂၀၁၆)ရက်နေ့ရရှိငွေမှာ ကျပ် (၃,၅၅၀,၀၀၀/-) ဖြစ်ပါသ ဖြင့် (၅-၂-၂၀၁၆) ရက်နေ့မှ (၂၄-၂-၂၀၁၆) ရက်နေ့အထိလှူဒါန်း ရရှိငွေ စုစုပေါင်းမှာ ကျပ် (၁၅၂,၇၂၉,၇၅၀/-) နှင့် အမေရိကန်ဒေါ်လာ (၃၀,၂၀၀) ဖြစ် ပြီး ၎င်းရရှိငွေများအနက် (၁၅-၂-၂၀၁၆) ရက်နေ့အထိ ရရှိငွေ စုစုပေါင်းကျပ် (၇၈,၇၃၂,၃၀၀/-) ကိုနမ့်ဆန်မြို့သို့ငွေကျပ် (၃၅,၁၇၀,၃၀၀/-) ကိုလည်းကောင်း၊ လပွတ္တာမြို့သို့ငွေကျပ် (၄၃,၅၆၂,၀၀၀/-)ကိုလည်းကောင်း (၂၂-၂-၂၀၁၆)ရက်နေ့တွင် သက်ဆိုင်ရာ ပြန်လည်ထူထောင်ရေး ကော်မတီအသီးသီးသို့ လွှဲပြောင်းပေးပို့ခဲ့ပြီးဖြစ်၍ (၁၆-၂-၂၀၁၆) မှ ယနေ့အထိ ထပ်မံရရှိခဲ့သည့် လက်ကျန်ငွေကျပ် (၇၃,၉၉၇,၄၅၀/-)နှင့် အမေရိကန်ဒေါ်လာ (၃၀,၂၀၀) တို့ကိုလည်း ဆက်လက်လွှဲ ပြောင်းပေးပို့နိုင်ရေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။